News @ M-Media

မြေပုံမြို့တွင် ချင်း ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး အား ရပ်ကွက် အုပ်ချူပ်ရေးမှူးမှ ဓါတ်မီးဖြင့် ရိုက်မှုဖြစ်ပွား

ဒီဇင်ဘာ ၄၊ ၂၀၁၃
M-Media

ရခိုင်ပြည်နယ် မြေပုံမြို့တွင် ချင်း ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး အား ရပ်ကွက် အုပ်ချူပ်ရေးမှူးမှ ဓါတ်မီးဖြင့် ရိုက်မှုဖြစ်ပွား

5712cafa73d3070fd3bcbae20b674ae5_L

ရခိုင်ပြည်နယ် မြေပုံမြို့တွင် ချင်းလူမျိုး ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးဖြစ်သူ Cing Pian Langh ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှကျော်မှ  ဓာတ်မီးဖြင့် အကြောင်းမဲ့ အရိုက်ခံသည်ဟု သိရသည်။

သာသနာပြုအဖွဲ့မှ  အသက် ၃၀ အရွယ် ဆရာတော် Langh မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ ည ၉ နာရီခွဲခန့်က တယ်လီဖုန်းပြောဆိုနေစဉ် အရိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO မှ ဖော်ပြထားသည်။

ချင်းပြည်နယ် တီးတိန်မြို့ဇာတိ ဆရာတော် Langh က “တလ်လီဖုန်းလိုင်းက မရှင်းတဲ့အတွက် ခြံစည်းရိုးနားထွက်ပြီး ဖုန်းပြောနေတဲ့အခါ၊ ဦးလှကျော်က သူ့လက်မှာကိုင်ထားတဲ့ ဓာတ်မီးကို ကျွန်တော့်မျက်နှာနား ရွယ်ပြီး ဘာတစ်လုံးမှ မပြောဘဲ ရိုက်လိုက်တာပါ။” ဟု CHRO သို့ ပြောကြားခဲ့သည်။

ထိုအကြောင်းအရာအား မြေပုံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း အုပ်ချုပ်ရေးမှူးမှာ ခရီးထွက်သွားသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့နောက် သာသနာရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း၊ သို့သော်လည်း ထိုဌာမှ အကြီးအကဲက “ကျွန်တော့်အလုပ်နှင့် ဘာမှမဆိုင်” ဟု တုံ့ပြန်ပြောဆိုခဲ့ကြောင်း၊ အာဏာပိုင်များအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်အရေးယူမှုမှ ပြုလုပ်ခြင်းမရှိကြောင်း ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံဧ၀ံဂေလိအသင်းတော်(Evangelical Free Church of Myanmar) မှ ဆရာတော် CHing Pian Langh မှာ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မြေပုံမြို့တွင် ၂၀၁၃ အောက်တိုဘာလမှစ၍ သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်နေသူဖြစ်သည်။ မြေပုံမြို့သည် ၂၀၁၀ အောက်တိုဘာလတွင် ဂီရိမုန်တိုင်း ဒဏ်ခံခဲ့ရသော မြို့ဖြစ်ပြီး မြို့နေ လူဦးရေ တစ်ဝက်ခန့်မှာ ချင်းလူမျိုးများဖြစ်ကြကြောင်း သိရှိရသည်။

Ref: chinlandguardian

Comments

Leave a Reply