ဒီဇင်ဘာ ၇၊ ၂၀၁၃
M-Media
ထိုင်းဘုရင် ဘူမိဘော၏ မွေးနေ့ကျင်းပရန်အတွက် ရပ်နားထားသည့် အစိုးရ ဆန့်ကျင် ဆန္ဒပြမှုများကို ထိုင်းအတိုက်အခံများက ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင် နေသည်ဟု သိရသည်။ မွေးနေ့အခမ်းအနားတွင် ဘူမိဘောက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားအားလုံး အတူတကွလုပ်ဆောင်ရန် မိန့်ကြားခဲ့ သော်လည်း လက်ရှိဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာမှာ အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ လွှမ်းမိုးမှုများရှိနေသည်ဟု အတိုက်အခံများက ယုံကြည်နေကြပြီး ယင်းလပ်ဦးဆောင်သည့် အစိုးရအား ဖြုတ်ချရန်အတွက် ရည်ရွယ်ထားကြသည်။
သို့သော် ၀န်ကြီးချုပ်ယင်းလပ်က တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဟု ပြောကြားထားသော်လည်း အတိုက်အခံဘက်မှတောင်းဆိုထား သည့် ရာထူးမှနှုတ်ထွက်ရေးနှင့် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရေးကိုမူ အခြေခံဥပဒေနှင့် မကိုက်ညီသည့်အတွက် လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း စောစောပိုင်းက ပြောကြားထားသည်။ တစ်လတာကြာမြင့်ခဲ့သည့်ဖြစ်သည့် ထိုင်းနိုင်ငံ၏ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၃ ဦးခန့်သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
Ref : Aljazeera


Leave a Reply
You must be logged in to post a comment.