News @ M-Media

တောင်ကိုရီးယားသို့ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ ပေးပို့မည်

ဇန်န၀ါရီ ၈၊ ၂၀၁၄
M-Media

201417235056793734_20

မြောက်ကိုရီးယား၏ ဒုတိယအာဏာအရှိဆုံးခေါင်းဆောင် ဂျန်ဆွန်ထက်အား ကင်ဂျုံအန်က သုတ်သင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများမြင့်တက်လာသည့် အချိန်တွင် စစ်ရေးအရ ညီမျှစေရန်ရည်ရွယ်၍ အမေရိကန်မှ တင့်ကားများနှင့် ၎င်းတို့၏ စစ်သားများအား တောင်ကိုရီးယားသို့ ပေးပို့မည်ဟု သိရသည်။

M1A2 Abrams တိုက်ပွဲဝင်တင့်ကား အစီး ၄၀၊ အမှတ် ၁ US Cavalry Division တပ်မှ စစ်သား ၈၀၀ နှင့် Bradley တိုက်ခိုက်ရေးယာဉ် အစီး ၄၀ တို့အား လာမည့် ဖေဖော်ဝါရီလတွင် ပို့ပေးမည်ဟု ပင်တဂွန်က ယနေ့တွင် ကြေညာခဲ့သည်။ ထိုတင့်ကားများနှင့် စစ်သားများကို North Gyeonggi ပြည်နယ်တွင် တပ်ဖြန့်ချထားမည်ဖြစ်ပြီး၊ ထိုနေရာမှာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်မဲ့ဇုန် တောင်ဘက်နားတွင် တည်ရှိသည်။ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးကတည်းက တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈၀၀၀ ခန့် တပ်စွဲထားသည်။

Ref : Aljazeera

Comments

Leave a Reply