ဇန်န၀ါရီ ၈၊ ၂၀၁၄
M-Media
မြန်မာနိုင်ငံတွင် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နှင့် စစ်ဘေးသင့်တိုင်းရင်းသားများအား ကူညီရန် ဂျပန် ဖောင်ဒေးရှင်းတစ်ခုမှ ဒေါ်လာ ၉၆ သန်းပေးအပ်
မြန်မာနိုင်ငံအတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးနှင့် စစ်ဘေးသင့် တိုင်းရင်းသားများ လူနေမှုစနစ်မြင့်မားလာစေရေး စသည်တို့တွင် အသုံးပြုရန်အတွက် ကန်ဒေါ်လာ ၉၆-သန်း ထောက်ပံ့မည်ဟု ဂျပန်နိုင်ငံက တနင်္လာနေ့တွင် ကတိပေးခဲ့သည်။
ထိုကဲ့သို့ ထောက်ပံ့ခြင်းမှာ မြန်မာနိုင်ငံတွင် ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား တိုးတက်ရန်အတွက် ဂျပန်နိုင်ငံမှ ပထမဆုံး ကူညီ ထောက်ပံ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းနှင့် အရှေ့တောင် အာရှဒေသအတွင်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို အားနည်းသွားစေ ရန်နှင့် နိုင်ငံရေး ပြဿနာများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ ကုမ္ပဏီများ လုံခြုံမှုရှိရန် ဂျပန်နိုင်ငံအနေဖြင့် ဆန္ဒရှိနေသည်ဟုလည်း လေ့လာသူများက ပြောဆိုကြသည်။
ဂျပန်နိုင်ငံမှ ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းက မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်နှင့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှု၏ အကျိုးကျေးဇူးများ ရရှိနိုင်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားရာ တိုင်းရင်းသားဒေသများရှိ ပြည်သူများအား လူသားချင်းစာနာသည့် အထောက်အပံ့များ ပေးအပ်ရာတွင် ကူညီနိုင်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မီကီအို နျူမာတာက ပြောကြားခဲ့သည်။ ထိုထောက်ပံ့ငွေများအား အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းမှ ပေးအပ်ခြင်းဖြစ်သည်။
Ref : Online WSJ, Photo : Irrawaddy
Leave a Reply
You must be logged in to post a comment.