ဇန်နဝါရီ ၁၃၊ ၂၀၁၃
M-Media
ပွဲစဉ် ၁၉ ကိုရောက်ရှိလာတဲ့ ဒီတစ်ပါတ်ရဲ့ လာလီဂါပွဲစဉ်မှာတော့ ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုရဲ့ တွေ့ဆုံမှုမှာ အရှုံးအနိုင် အဖြေမပေါ်ခဲ့ပဲ သရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ အိမ်ရှင်အသင်းက လူစုံထုတ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းမှာ အားထားရတဲ့ မက်ဆီနဲ့ နေးမာတို့ ဒုတိယပိုင်းမှ ၀င်လာခဲ့တာပါ။ အဝေးကွင်းဖြစ်ပေမယ့် ဘာကာကတော့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားသွားခဲ့ပြီး၊ အက်သလက်တီကိုကလည်း ထိန်းကစားသွားခဲ့ကာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်အနည်းငယ်သာရရှိခဲ့ပါတယ်။
အန်ဆယ်လော့တီရဲ့ ရီးယဲလ်ကတော့ ပီပီရဲ့ဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးနှစ်သင်း သရေကျခဲ့မှုကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အဆင့်လေးက ဘီလ်ဘာအိုကတော့ အလ်မာရီယာအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး၊ ဆီးဗီးလား အသင်းက သရေကျခဲ့ကာ၊ ဗလင်စီယာက အဆင့် ၁၈ မှ ဆဲလ်တာဗီဂိုကို ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ် ၁၉ ရဲ့ စုစုပေါင်း ၉ ပွဲကစားပြီးချိန်မှာတော့ ဇယားထိပ်ပိုင်းမှာ ဘာစီလိုနာ၊ အက်သလက်တီကို၊ ရီးယဲလ်၊ ဘီဘာအိုတို့အစဉ်လိုက်ရှိနေပြီး၊ တန်းဆင်းဇုန်မှာလည်း သိပ်အပြောင်းအလဲမရှိခဲ့ဘဲ ဗလင်စီယာကိုအနိုင်ကစားခဲ့တဲ့ ဆဲလ်တာဗီဂိုကတော့ ယခင်တပါတ် အဆင့် ၁၈ ကနေ့ အဆင့် ၁၅ ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲစဉ် ၁၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
လီဗန်တေး ၁-၁ မာလာဂါ
အက်စပန်ညို ၀-၁ ရီးယဲလ်
ဘက်တစ် ၁-၂ အိုဆာဆူနာ
ဂီတာဖေး ၀-၁ ဗဲလ်လီကာနို
အဲလ်ချီ ၁-၁ ဆီဗီလာ
အက်သလက်တီကို ၀-၀ ဘာစီလိုနာ
ဆဲလ်တာဗီဂို ၂-၁ ဗလင်စီယာ
ဘီဘာအို ၆-၁ အလ်မာရီယာ
ဂရန်နာဒါ ၄-၀ ဗဲလာဒိုလစ်
ဗီလာရီးယဲလ် ၀-၀ ရီးယဲလ်ဆိုစီဒက်
Leave a Reply
You must be logged in to post a comment.