News @ M-Media

အမေရိကန်တွင် ၄ နှစ် ကလေးတစ်ဦး ခွေးကိုက်ခံရ၍ သေဆုံး

မတ်-၁ ၊ ၂၀၁၄
M-Media

1393564830000-IMG-4420JPGjpeg
– အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ်တွင် အသက် ၄ နှစ်အရွယ် သမီးငယ်တစ်ဦးမှာ ခွေးကိုက်ခံရခြင်းကြောင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့က အလာဘားမားပြည်နယ် တာလာပူဆာကောင်တီရှိ နေအိမ်ခြံဝင်းတစ်ခုတွင် အဆိုပါ သမီးငယ်မှာ ဆော့ကစားနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် ကလေးငယ်၏ အဘိုး၊ အဘွားများလည်းရှိနေပြီး နာရီဝက် ၄၅ မိနစ်ခန့် ကလေး၏အသံမကြားသောကြောင့် အဖိုးဖြစ်သူက ထွက်ကြည့်ရာမှ လဲးနေသည့် ကလေးငယ်၏ဘေးတွင် အဖြူရောင် ခွေး တစ်ကောင်အား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ခွေးမှာ ကလေးငယ်အား ချီသွားတော့မည့်ဟန်ရှိနေပြီး မောင်းထုတ်ခဲ့ရသည်ဟု အဖိုးဖြစ်သူကပြောကြားခဲ့သည်။ ထို့နောက် အရေးပေါ် ဖုန်းဆက်သွယ်ပြီး လူနာတင်ယာဉ်အား ခေါ်ဆောင်ခဲ့သော်လည်း ကလေးငယ်မှာ ဆိုးရွားသော ကိုက်ရာ၊ ကုတ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့သည်။

ထိုဒေသ၏ ရဲအရာရှိ ဂျင်မီရော်ဂျာကမူ ကလေးငယ်ကို ကိုက်သောခွေးမှာ ၂ ကောင်ဖြစ်ပြီး ကလေးငယ်၏ အမည်ကို မထုတ်ပြန်ရန် မိသားစုမှ ပြောကြားထားသည်ဟု ဆိုသည်။ ကလေးငယ်အား တိုက်ခိုက်ခဲ့သည်ဟု ယူဆရသည့် ခွေးများမှာ German Shepherd နှင့် Lab  အမျိုးစားများဖြစ်ပြီး တစ်ကောင်ကို ၇၅ ပေါင်ခန့်ရှိသည့် အဆိုပါခွေးများကို အခင်းဖြစ်ပွားခဲ့သည့် ထိုနေ့တွင်ပင် ထိန်းသိမ်းခဲ့သည်ဟု ၎င်းကဆိုသည်။

“အချို့အကြောင်းကြောင့်သာ ခွေးတွေဟာ အဲဒီကလေးမကို ကိုက်ခဲ့တာပါ။ ဘာ့ကြောင့်လဲဆိုတာတော့ မသေချာပါဘူး။ ဒီခွေးတွေဟာ ဒီဒေသမှာ အမြဲလိုလို တွေ့ရတဲ့ခွေးတွေပါ” ဟု ဆိုပြီး ထိုခွေးနှစ်ကောင်အား သုတ်သင်ရန် တရားရုံး၏ အမိန့်အား စောင့်ဆိုင်းနေသည်ဟု ရော်ဂျာက ထည့်သွင်းပြောကြားခဲ့သည်။

Ref:  USATODAY

Comments

Leave a Reply