မေ ၁၁ ၊ ၂၀၁၄
M-Media
လင်းလင်း
ရန်ကုန် ။ ။ လှိုင်သာယာမြို့နယ် ဦးရွှေအိုးလမ်းနေ ဦးသန်းလွင်သည် ကုက္ကိုင်ကိုင်းအား တက်ခုတ်ရာ ဓာတ်ကြိုးနှင့်ညှိနေသောကြောင့် ဓာတ်လိုက်ပြီး အသက် ဆုံးရူံးခဲ့ကြောင်း သိရသည်။
၎င်းသေဆုံးသူ ဦးသန်းလွင် အသက် (၄၆)နှစ်သည် ၎င်းနေအိမ်အရှေ့ရှိ ၁၅ ပေ အမြင့်ရှိသော ကုက္ကိုကိုင်းအားတက်ခုတ်ရာမှ ထိုကုက္ကိုင်ကိုင်း၏ အကိုင်းမှာ ဓါတ်ကြိုးနှင့် ထိနေ၍ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
၎င်းသေဆုံးခြင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်သိစေနိုင်ရန် လှိုင်သာယာဆေးရုံမှ ပီအာရ်ပီ ၀၁ ဖြင့်လက်ခံထားပြီး သေမှုသေခင်း အမှတ်စဉ် (၃၄/၁၄) ဖြင့် လှိုင်သာယာမြို့မရဲစခန်းမှ အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Leave a Reply
You must be logged in to post a comment.