မေ ၁၁၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော ကိုတင်လှ ဆိုသူနှင့် အင်းစိန်မြို့နယ်တွင်နေထိုင်သူ ရန်လင်းဦးတို့ နှစ်ဦးစကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်မှတ်တမ်းများအရ သိရှိရပါသည်။
ကန်းစွန်းရွက်ရောင်းသူ ကိုတင်လှဆိုသည် ၎င်းနေအိမ်မှ တညင်းကုန်းဘူတာဈေးသို့ ကန်စွန်းရွက်ရောင်းရန် ရောက်ရှိလာစဉ် အင်းစိန်မြို့နယ်မှ အိမ်သာစောင့် ရန်လင်းဦးဆိုသူသည် ကန်စွန်းရွက်ထုတ်ကို ထမ်းမည်ဟုပြုနေစဉ် ကိုတင်လှမှ မထမ်းရန်ပြောဆိုရာ စကားများ၍ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရန်လင်းဦးမှ ၎င်း၏ညီဖြစ်သူ ကိုမင်းအားနေအိမ်သို့သွားရောက်ခေါ်ဆောင်လာပြီး ၎င်းညီဖြစ်သူမှ ဓားကိုင်ကာလိုက်လာပြီး ကိုတင်လှအား ဓားဖြင့်ထိုးကာ ကိုတင်လှမှာ သေဆုံးသွားကြောင်း သိရသည်။
ထိုဓားဖြင့်ထိုးကာရန်လုပ်ခဲ့သည့် ညီအကိုနှစ်ယောက်အား အင်းစိန်မြို့မရဲစခန်းမှ (ပ)၄၃၉/၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် ၁၀.၅.၂၀၁၄ အချိန်မစတင်ကာ တရားခံများအားဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လူနှစ်ဦး စကားများ ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်

Leave a Reply
You must be logged in to post a comment.