မေ ၁၉၊ ၂၀၁၄
M-Media
– တူရကီနိုင်ငံ ဆိုမာမြို့ရှိ မိုင်းတွင်းပေါက်ကွဲမှုတွင် သေဆုံးသွားသူများ၏ မိသားစုများအတွက် ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာက ကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။
ဒရော့ဘာမှာ တူရကီကလပ် ဂါလာတာစာရေးတွင် ကစားနေသူဖြစ်ပြီး ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် ဂါလာတာစာရေးကစားသမားများမှာ မိုင်းလုပ်သားများကို အားပေးသောအားဖြင့် မိုင်းလုပ်သားဦးထုပ်များ ဆောင်းခဲ့ကြသည်။
“ကျွန်တော်ဟာ ကုလသံတမန်တစ်ဦးဖြစ်ပြီး ဆိုမာက ပြည်သူတွေကို ကူညီနိုင်တာတွေအားလုံးကို ကျွန်တော်ဆောင်ရွက်သွားမှာပါ။ ဒါပေမယ့် ကျွန်တော့်နာမည်ကိုအသုံးချတာမျိုးကိုတော့ မကြိုက်ပါဘူး။ ဒီလိုကိစ္စမျိုးကို အသုံးချပြီးတော့ နာမည်ကြီးအောင်လုပ်တဲ့အထဲမှာ ကျွန်တော်မပါပါဘူး” ဟု ဒရော့ဘာက ပြောကြားခဲ့သည်။
အဆိုပါ မိုင်းတွင်းမှာ မေလ ၁၃ ရက်နေ့က မီးလောင်ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၁၅ ရက်နေ့အထိ ဆက်လက်လောင်ကျွမ်းခဲ့ပြီး လူပေါင်း ၃၀၁ ဦးသေဆုံးခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.