မေ ၂၄၊ ၂၀၁၄
M-Media
– ချယ်ဆီးအသင်း၏ အားထားရသည့် ဘရာဇီးနောက်ခံလူ ဒေဗစ်လူးဝစ်မှာ ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။
အသက် ၂၇ နှစ်အရွယ်ရှိ လူးဝစ်အား ပီအက်စ်ဂျီအသင်းက ပေါင် သန်း ၄၀ ကျော်ဖြင့်ခေါ်ယူရန် ချယ်ဆီးအသင်းနှင့် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ လူးဝစ်မှာ မော်ရင်ဟိုလက်ထက်တွင် တယ်ရီ၊ ကာဟေးလ်တို့၏နောက် တတိယကစားသမားဖြစ်သာ ရှိနေပြီး ပြီးခဲ့သည့် ရာသီက ပွဲထွက် ကစားသမားအဖြစ် ၁၅ ပွဲသာ ပါဝင်ခွင့်ရခဲ့သည်။
“၃ နှစ်ခွဲကြာ ကောင်းမွန်စွာလက်တွဲခွင်ရခဲ့တဲ့အတွက် ချယ်ဆီးအသင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတွေအများကြီးရခဲ့ပြီး၊ ဖလားတွေလည်းရခဲ့ပါတယ်။ ဒီအမှတ်တရတွေဟာ ကျွန်တော်နဲ့ အတူ ထာဝရ ရှိနေမှာပါ” ဟု လူးဝစ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ပီအက်စ်ဂျီအသင်းမှာ ယူအီးအက်ဖ်အေ၏ ပြစ်ဒဏ်ချမှတ်မှုကို ခံထားရသည်။ ချယ်ဆီးအသင်းမှာမူ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့တွင် ပြောင်ရွှေ့ကြေး အများအပြားသုံးစွဲရန် ပြင်ဆင်ထားပြီး ထိပ်ဆုံးပစ်မှာ အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဒီယေဂို ကော်စတာဖြစ်သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.