News @ M-Media

IS အဖွဲ့ကို တိုက်သည့် ဆီးရီးယား စစ်တပ် ဓာတု လက်နက် အသုံးပြုသည်ဟု သတင်းများ ထွက်ပေါ်လာပြန်

ဒီဇင်ဘာ ၇ ၊ ၂၀၁၄
M-Media
383461_ISIL-chlorine-attack-Iraq
– မကြာသေးမီ ရက်ပိုင်းအတွင်းက နိုင်ငံအတွင်းရှိ ISIL အဖွဲ့အား တိုက်ခိုက်ရာတွင် ဆီးရီးယားအစိုးရမှာ ဓာတုလက်နက်ကို အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

နိုင်ငံအရှေ့ပိုင်း ဒီရ် အက်ဇော် စစ်ဘက်ဆိုင်ရာ လေဆိပ်အား ရရှိရန် ကြိုစားကြသည့် ISIL အဖွဲ့အား တိုက်ခိုက်မှုများအတွင်း ဆီးရီးယား အစိုးရတပ်များက ဓာတုလက်နက်ဖြစ်သည့် ကလိုရင်းဓာတ်ငွေ့အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယား လူ့ခွင့်အရေး စောင့်ကြည့်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ လေဆိပ်နားသို့ ရောက်ရှိလာသည့် ISIL တိုက်ခိုက်ရေးသမားများမှာ အသက်ရှုရခက်သည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်ဟုလည်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

ဆီးရီးယား ပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရမှ ဓာတုလက်နက်များ အသုံးပြုကာ တိုက်ခိုက်မှုများပြုလုပ်သည်ဟု ယခင်ကလည်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ဆီးရီးယား နိုင်ငံပိုင် ရုပ်သံကမူ အကြမ်းဖက်သမားများမှာ ဒီရ် အက်ဇော်လေဆိပ်အနီးရှိ နေရာတော်တော်များများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရတပ်က ချေမှုန်းနိုင်ခဲ့သည်ဟု ဆီးရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ထုတ်လွှင့်ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ် ဆီးရီးယား ပြည်တွင်းစစ် စဖြစ်ကတည်းက အာဆတ်အစိုးရ၏ ဓာတ်လက်နက်ဖြင့် တိုက်ခိုက်နိုင်သည့် အန္တရာယ်ကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ဆီးရီးယားအစိုးရထံမှ ဓာတ်တုလက်နက်အများအပြားကို အနောက်နိုင်ငံများမှ ဦးဆောင်သယ်ယူကာ ဖျက်ဆီးမှုများလည်း ရှိခဲ့သည်။

Al Jazeera and agencies

Comments

Leave a Reply