News @ M-Media

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်၏ ဇိမ်ခံကားနှစ်စီး အခိုးခံရ

ဒီဇင်ဘာ ၂၅၊ ၂၀၁၄
M-Media

1896992_815152731860532_8272482884025321634_n

– အင်္ဂလန်အသင်း၏ လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်ပြီး ယခုလက်ရှိ အက်စတွန်ဗီလာအသင်းက ပိုင်ဆိုင်ထားသည့် တိုက်စစ်မှူး ဒါရင်းဘန့်၏ တန်ဖိုးကြီး ဇိမ်ခံကားနှစ်စီးမှာခိုးယူခြင်းခံခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည် စနေနေ့က စက်တင် ကိုးလ်ဖီးလ်ဒ်ဒေသရှိ နေအိမ်တွင်
ဒါရင်းဘန့်အိပ်နေသည့်အချိန်၌ ဖောက်ထွင်းသူများက အိမ်အတွင်းသို့ဝင်ရောက်ကာ ကားသော့ကို ယူသွားပြီးနောက် အဆိုပါ ကားနှစ်စီးအား ခိုးယူသွားခဲ့ခြင်းဖြစ်သည်။

ခိုးယူခံရသည့် ကားနှစ်ဦးမှာ မော်ဒလ်မြင့် Range Rover နှင့် Audi RS6 ကားတို့ဖြစ်ကြပြီး တစ်စီးချင်းစီ၏ တန်ဖိုးမှာ ပေါင် ၈ သောင်းဝန်းကျင်ခန့် ရှိသည်။
ဒါရင်းဘန့်မှာ အက်စတွန်ဗီလာနည်းပြသစ် ပေါလ်လမ်ဘာ့တ်၏ လက်အောက်တွင် ၁ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး လက်ရှိအချိန်တွင် ပထမတန်းကလပ် ဘရိုက်တန်အသင်းတွင် သွားရောက်စားနေရသည်။

ဘန့်ကမူ မိမိအနေဖြင့် ဗီလာအသင်းတွင် ခြေစွမ်းပြခွင့်မရခဲ့ကြောင်း၊ ဘရိုက်တန်အသင်းမှာ ပရီးမီးယားလိဂ်အသင်းများကဲ့သို့ ကစားသည့်အသင်းဖြစ်ပြီး ထိုအသင်းတွင် ကစားရသည်ကို
ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။

10868202_815152695193869_4958158561113599926_n

Ref : Goal.com

Comments

Leave a Reply