News @ M-Media

လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်လွန်းသည်ဟုဆိုကာ အာဂျင်တီးနားမြို့တစ်မြို့တွင် အလှမယ်ပြိုင်ပွဲများအား ပိတ်ပင်

ဒီဇင်ဘာ ၂၅၊ ၂၀၁၄
M-Media

1798750_815160615193077_1208585368777126053_n

– ဒေသတွင်းပြုလုပ်သော မယ်ပြိုင်ပွဲများတွင် အလှမယ်များမှာ လိင်ပိုင်းဆိုင်ရာ
ဆွဲဆောင်လွန်းသည်ဟုဆိုကာ အာဂျင်တီးနားရှိ မြို့တစ်မြို့တွင် အလှမယ် ပြိုင်ပွဲများကို ပိတ်ပင်လိုက်သည်ဟု သိရသည်။

မြို့တော်ဗျူနိုအေရီးစ်နယ်နမိတ်တွင်ရှိသော ချီဗီလ်ကွိုင်မြို့ရှိ မြို့တော်ကောင်စီက ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အလှမယ်ပြိုင်ပွဲများမှာ အမျိုးသမီးများကို သမရိုးကျပုံစံ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းဖြင့်သာ တန်ဖိုးဖြတ်ရမည်ဟူသော အယူအဆကို အားပေးကြောင်း၊
အလှမယ်များမှာ ခွဲခြားဆက်ဆံခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အသားပေးဆွဲဆောင်ခြင်းကို လုပ်ဆောင်ကြကြောင်း၊ ထိုလုပ်ရပ်များမှာ အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်ခြင်း လုပ်ရပ်ဖြစ်ကြောင်း အဆိုပါ ကောင်စီမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အာဂျင်တီးနားရှိ မြို့များတွင် နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ကာနီးအချိန်၌ မြို့၏ အလှဘုရင်မ တစ်ဦးကို ရွေးချယ်လေ့ရှိကြပြီး ထိုပြိုင်ပွဲများတွင် ရေကူးဝတ်စုံများအပါအ၀င် မတူညီသော အ၀တ်အစားများဖြင့် ယှဉ်ပြိုင်လေ့ရှိကြသည်။

မယ်ပြိုင်ပွဲများပိတ်ပင်ရန် အဆိုပါအယူအဆကို အာဂျင်တိုင်းအလုပ်သမား အစည်းအရုံး CTA ၏ ဒေသတွင်း လက်ခွဲအဖွဲ့တစ်ခုဖြစ်သည့် ကလေးငယ်အခွင့်အရေး ဆောင်ရွက်နေသော Gender Secretariat and the Assembly for Children’s Rights ကချပြခဲ့ခြင်းဖြစ်သည်။ ထို့နောက်
ချီဗီလ်ကွိုင်မှ မြို့တော်ဝန်နှင့် အန်ဂျီအိုမြောက်များစွာက အားပေးထောက်ခံခဲ့ကြပြီး မဲခွဲခဲ့ရာ မြို့တော်ကောင်စီအဖွဲ့ဝင် ၁၇ ဦးတွင် ထောက်ခံမဲ ၁၂ မဲ ကြားနေမဲ ၅
မဲဖြင့်အတည်ပြုခဲ့ခြင်းဖြစ်သည်။

Ref: argentinaindependent.com

Comments

Leave a Reply