News @ M-Media

ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘ၀က ဦးနှောက်နှင့်ပတ်သက်သည့် ရောဂါများကိုကာကွယ်တားဆီးနိုင်

ဒီဇင်ဘာ ၂၅၊ ၂၀၁၄
M-Media

960227_815159988526473_2812039524928958661_n

– ကျန်းမာရေးနှင့် ညီညွတ်သော အခြေခံလူနေမှုဘ၀ ပြောင်းလဲခြင်းက အယ်လ်ဇိုင်းမားရောဂါ အပါအ၀င် အခြားသော ဦးနှောက်နှင့်ဆိုင်သည့် ရောဂါများဖြစ်ပွားမှုကို ဟန့်တားရာ၌ အထောက်အကူ ပြုနိုင်သည်ဟု လေ့လာမှုများအရ သိရသည်။

အဆိုပါလေ့လာမှုကို ဗြိတိန်ကျန်းမာရေးအဖွဲ့ Age UK မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး
မှတ်ဥာဏ်ဆုံးရှုံးခြင်း၊ အသက်အရွယ်အရ စဉ်းစားမှုစွမ်းရည် လျော့ကျခြင်းတို့၏ ၇၆ ရာခိုင်နှုန်းမှာ လူနေမှုဘ၀နှင့် ပညာရေးအပါအ၀င် အခြားသော
သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များနှင့် သက်ဆိုင်နေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ပြင် ဦးနှောက်ကျန်းမာရေးအား ထိန်းသိမ်းရန်နှင့် မှတ်ဥာဏ်ထိခိုက်မှု အန္တရာယ်ကို လျော့ကျစေရန်အတွက် ရိုးရှင်းထိရောက်သည့် အချက် ၅ ချက်ကို အဆိုပါ လေ့လာမှုတွင် အကြံပြုခဲ့ပြီး ၎င်းတို့မှာ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ စားသောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် အရက် အလွန်အကျွံမသောက်ခြင်းတို့ ဖြစ်သည်။

အဆိုပါ အချက် ၅ ခုမှ အားလုံး သို့မဟုတ် ၄ ခုကို နှစ်ပေါင်း ၃၀ ခန့် ဆောင်ရွက်ကျင့်သုံးခဲ့သည့် အသက် ၄၅ နှစ်မှ ၅၉ နှစ်အရွယ် ဗြိတိန်အမျိုးသားများကို Age UK က လေ့လာခဲ့ရာ ၎င်းတို့တွင်
ဦးနှောက်ထိခိုက်မှုနှင့် မှတ်ဥာဏ်ဆုံးရှုံးမှုကို ၃၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

Age UK ၏ ထိုတွေ့ရှိချက်များက ဦးနှောက်ထိခိုက်မှုနှင့် မှတ်ဥာဏ်ဆုံးရှုံးမှုများကို
ကာကွယ်တားဆီးပေးမည့် လူနေမှု ဘ၀ပုံစံများအား ပြောင်းလဲကျင့်သုံးရန် ပြည်သူများအတွက် တွန်းအားဖြစ်စေမည်ဖြစ်သည်။

Ref : Xinhua

Comments

Leave a Reply