News @ M-Media

စတော့အိတ်ချိန်း လုပ်ငန်းဆောင်ရွက်ရန် မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်ကုမ္ပဏီတို့ လက်မှတ်ရေးထိုး

ဒီဇင်ဘာ ၂၅၊ ၂၀၁၄
M-Media

10891461_815166755192463_3200871669463568600_n

– မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိတ်ချိန်း၏ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သဘောတူစာချုပ်ကို ဂျပန်ကုမ္ပဏီနှစ်ခုနှင့် မြန်မာ့စီးပွားရေဘဏ်တို့ ဒီဇင်ဘာ ၂၃ ရက် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

သဘောတူစာချုပ်ချုပ်ခဲ့သည့် ကုမ္ပဏီများမှာ Japan’s Daiwa Securities Group နှင့် Japan Exchange Group တို့ ဖြစ်ကြပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ရန်ကုန်၌ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည့် စတော့အိတ်ချိန်းအတွက် နောက်ဆုံးပေါ်ထွက်လာသည့် သဘောတူညီချက်တစ်ခုလည်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုမှာ မြန်မာနိုင်ငံ၏ ဈေးကွက်ဖွံ့ဖြိုးမှုနှင့် စတော့အိတ်ချိန်း တည်ထောင်မှုမှတစ်ဆင့် မြန်မာ-ဂျပန် စီးပွားရေး ချဲ့ထွင်မှုအတွက်လည်း
ဆက်လက်ကူညီသွားမည်ဟု မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးစတော့အိတ်ချိန်း ဖွင့်လှစ်ရန် သဘောတူညီချက်ကို Daiwa Securities နှင့် တိုကျိုစတော့အိတ်ချိန်းတို့က ၂၀၁၂ ခုနှစ် မေလကတည်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ယခင်မြ၀တီဘဏ် ရုံးချုပ်အား စတော့အိတ်ချိန်းရုံးအဖြစ် ဆောင်ရွက်ရန် ပြီးခဲ့သည့်နိုဝင်ဘာလက ရွေးချယ်ခဲ့ပြီး ပြင်ဆင်မှုလုပ်ငန်းများကို လုပ်ဆောင်နေကာ လာမည့်နှစ် ဇွန်လသို့မဟုတ် ဇူလိုင်လတို့တွင် ပြီးစီးမည်ဖြစ်သည်။

ထိုကဲ့သို့ တိုးတက်မှုများ ရရှိနေသော်လည်း ကျွမ်းကျင်သူများကမူ မြန်မာနိုင်ငံတွင် တစ်ချိန်က ကြီးစိုးခဲ့သည့် စစ်တပ်၏ ဘဏ္ဍရေးစနစ်ကြောင့် စတော့အိတ်ချိန်းအောင်မြင်မှုနှင့်ပတ်သက်၍
သံသယရှိနေသည်။

Ref: Wall Street Journal

Comments

Leave a Reply