ဒီဇင်ဘာ ၂၆၊ ၂၀၁၄
M-Media
– ပွဲကစားချိန်အတွင်း ဖာဂူဆန်ကဲ့သို့ ကွင်းဘေးသို့သွားကာ ဒိုင်လူကြီးအား ဖိအားပေးခြင်းထက် မိမိမှာ ငြိမ်သက်စွာထိုင်နေရသည်ကို ပို၍ နှစ်သက်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
ဖာဂူဆန်မှာ မန်ယူအသင်း ကစားသည့်ပွဲများတွင် နည်းပြထိုင်ခုံမှ ကွင်းဘေးနားသို့သွားကာ ပွဲတာဝန်ရှိသူများအား ဖိအားပေးလေ့ရှိပြီး ၎င်း၏ ထိုလုပ်ရပ်က မန်ယူအသင်း၏ ရလဒ်အပေါ် လွှမ်းမိုးမှုများရှိသည်ဟု ပြောဆိုကြသူများ ရှိနေသည်။
သို့သော်လည်း ဗန်ဂါးလ်ကမူ ထိုကဲ့သို့ဆောင်ရွက်ခြင်းမှာ အကျိုးမရှိဘဲ ပွဲအဖြေကိုလည်း ပြောင်းလဲနိုင်ခြင်းမရှိဟု ဆိုသည်။
`ကွင်းလယ်ဒိုင်က ဖာဂူဆန်ကို ကြည့်မယ်လို့ ခင်ဗျားထင်လို့လား။ ရုပ်သံဌာနတွေက နည်းပြတွေကို ရိုက်ပြနေတော့ တီဗီမှာ ခင်ဗျားက နည်းပြကို မြင်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးက တီဗီကြည့်နေတာ မဟုတ်ဘူးလေ။ ပွဲပြီးရင်တော့ ကြည့်ချင်ကြည့်မှာပေါ့။ ဒါပေမယ့် သူ ဘာမှ မပြောင်းနိုင်ပါဘူး´ ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိအနေဖြင့် ဒိုင်လူကြီးအား လွှမ်းမိုးနိုင်လိမ့်မည်ဟု မထင်ကြောင်း၊ နည်းပြဘ၀ အစက ထိုကဲ့သို့ လုပ်ခဲ့ဖူးသော်လည်း အရာမရောက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မန်ယူမှာ ယနေ့တွင် နယူးကာဆယ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ် ဖာဂူဆန်လက်ထက် အိုးထရက်ဖို့ဒ်တွင် နယူးကာဆယ်အသင်းအား ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ ဖာဂူဆန်မှာ ကွင်းလယ်ဒိုင်အား အလွန်အကျွံ ဖိအားပေးမှုများ ရှိခဲ့သည်။
Ref : Goal.com
Leave a Reply
You must be logged in to post a comment.