News @ M-Media

ခြစားမှုစွဲချက်ဖြင့် အစ္စရေးအစိုးရ တာဝန်ရှိသူအချို့အား ရဲတပ်ဖွဲ့ ဖမ်းဆီး

ဒီဇင်ဘာ ၂၆၊ ၂၀၁၄
M-Media

10382984_815564098486062_1610493549628392394_n

– ယခုလက်ရှိ အစိုးရအဖွဲ့အတွင်း တာဝန်ထမ်းဆောင်နေသူများနှင့် ယခင်ဝန်ထမ်းဟောင်းများ အပါအ၀င် လူပေါင်း ၂ ဒါဇင်ကျော်ကို ချစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးမှုတွင် နိုင်ငံခြားရေးဝန်ကြီး အာဗစ်ဂ်ဒေါရ် လီဘာမန်၏ ပါတီမှ အများအပြား ပါဝင်ပြီး နိုင်ငံသမိုင်းတွင် ချစားမှုတိုက်ဖျက်ရေးအတွက် အရေးပါဆုံး စုံစမ်းစစ်ဆေးမှုများထဲမှ တစ်ခုလည်းဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ဒီဇင်ဘာ ၂၅ ရက် ကြာသာပတေးနေ့တွင် ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားမှုအရ ပြည်သူ့ဘဏ္ဍာ သန်းပေါင်းများစွာကို လီဘာမန်၏ Yisrael Beitenu ပါတီက လွှဲပြောင်းရယူခဲ့သည်ဟု သံသယရှိနေပြီး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးခဲ့ကာ အခြား ၄ ဦးကို နေအိမ်အကျယ်ချုပ် ချထားသည်ဟု သိရသည်။

အဆိုပါ ချစားမှုတွင် ယခုလက်ရှိ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခြင်း ခံနေရသည့်
ဒုတိယပြည်ထဲရေးဝန်ကြီး ဖိုင်နာ ကီရ်ရှန်ဘောင်ပါအ၀င် အာဏာပိုင်တစ်ချို့လည်း ပါဝင်ပတ်သက်နေပြီး ကီရ်ရှန်ဘောင်၏ သမီးဖြစ်သူကိုလည်း တနင်္ဂနွေနေ့အထိ ထိန်းသိမ်းထားမည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အခြား ဖမ်းဆီးခံရသူများမှာ ယခင်ခရီးသွားလာရေးဝန်ကြီဟောင်း၊ Yisrael Beitenu ပါတီမှ မဲဆွယ်စည်းရုံးမှု အကြီးအကဲဟောင်း၊ ဘက်စကတ်ဘောအဖွဲ့ချုပ် ဥက္ကဌဟောင်းများနှင့်

ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းတို့တွင် အခြေချအိမ်ရာများ ဆောက်လုပ်မှုကို တာဝန်ယူနေသာ အရာရှိ အများအပြားလည်း ပါဝင်သည်။

ချစားမှု ပြဿနာများကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ရာထူးမှ နှုတ်ထွက်ရန် ဖိအားပေး ခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ရာထူးပြန်လည်ရယူနိုင်ခဲ့သည့် လီဘာမန်ကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။

Source : Agencies

ဓာတ်ပုံ – အစ္စရေး နိုင်ငံခြားရေးဝန်ကြီး လီဘာမန်

Comments

Leave a Reply