News @ M-Media

သြစတေးလျကမ်းခြေတွင် ဂျပန်နိုင်ငံသားတစ်ဦး ငါးမန်းကိုက်သေဆုံး

ဖေဖော်ဝါရီ ၉၊ ၂၀၁၅
M-Media

shark

– သြစတေးလျရှေ့ပိုင်း ကမ်းခြေတစ်ခုတွင် လှိုင်းစီးနေသည့် ဂျပန်နိုင်ငံသားတစ်ဦးမှာ ယမန်နေ့က ငါးမန်းကိုက်ခံရသောကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ကာ သေဆုံးခဲ့သည်ဟု သိရသည်။

ဘရစ္စဘိန်းမြို့မှ ၁၈၇ ကီလိုမီတာဝေးသော ဘာလီနာမြို့အနီး ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားသော ရှဲလီကမ်းခြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၁ နှစ်အရွယ် အဆိုပါဂျပန်နိုင်ငံသားမှာ လှိုင်းစီးနေစဉ် ငမန်းကိုက်ခံခဲ့ရပြီး ခြေထောက် နှစ်ဖက်စလုံး ဆုံးရှုံးခဲ့သည်။ ၎င်းအား လှိုင်းစီးနေသည့်အဖွဲ့များက ရှေးဦးသူနာပြုနည်းဖြင့် ကုသခဲ့သော်လည်း သွေးလွန်ကာ အသက်ဆုံးရှုံးခဲ့သည်။

အဆိုပါကမ်းခြေအနီးတွင် စနေနေ့ကလည်း ငါးမန်းကိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အက် ၃၅ နှစ်အရွယ် ဂျာဘက်ဇ်ရိုက်မန်ဆိုသူမှာ ၎င်း၏ လှိုင်းစီးဘုတ်ပြားပေါ်တွင် ထိုင်နေစဉ် ငါးမန်းကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ကျောကုန်းနှင့် တင်ပဆုံတို့တွင် ဒဏ်ရာရရှိခဲ့သည်။

“တစ်စုံတစ်ခုက ရေပေါ်ကိုထွက်လာပြီး ကျွန်တော့်ရဲ့တင်ပါးကို ကိုက်ကာ ရေထဲကိုဆွဲသွားပါတယ်။ အဲဒီနောက်မှာ ကျွန်တော်ရေပေါ်ကို ပြန်တက်လာနိုင်ခဲ့ပြီး ကမ်းခြေကိုရောက်ဖို့ ကီလိုမီတာ ၆၀ လောက် ပြန်လှော်ခဲ့ရပါတယ်” ဟု ရိုက်မန်က ပြောကြားခဲ့သည်။

ယမန်နေ့ကဖြစ်ပွားခဲ့သည့် ငါးမန်းကိုက်မှုပြီးနောက် ထိုကမ်းခြေတစ်ဝိုက်ကို တာဝန်ရှိသူများက ပိတ်ပစ်ခဲ့သည်။ ငါးမန်းကိုက်မှုများမှာ သြစတေးလျကမ်းခြေများတွင် မကြာခဏဖြစ်ပွားလေ့ရှိသော ဖြစ်ရပ်ဖြစ်ပြီး ကျွမ်းကျင်သူများကမူ ရေပေါ်ကစားနည်းများ လူကြိုက်များလာသည့်အတွက်ကြောင့် ငါးမန်းများ၏ တိုက်ခိုက်မှုများမှာလည်း မြင့်တက်လာသည်ဟု ပြောကြားခဲ့သည်။

Ref: gulfnews

Comments

Leave a Reply