News @ M-Media

နိုင်ငံတကာသတင်းတို (သြဂုတ် ၁၅၊ ၂၀၁၅)

သြဂုတ် ၁၅၊ ၂၀၁၅
M-Media

တရုတ်ရှိ တီယန်ဂျင်းမြို့တွင် ပေါက်ကွဲမှုများ ထပ်ဖြစ်ပြန်
………………………………
တရုတ်နိုင်ငံ တီယန်ဂျင်းမြို့ရှိ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သော သိုလှောင်ရုံနေရာတစ်ဝိုက်တွင် ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းက ပေါက်ကွဲ ၈ ခုခန့် ဖြစ်ပွားခဲ့သောကြောင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာနှင့် အချင်းဝက် ၃ ကီလိုမီတာအတွင်းရှိ ဒေသခံများအား အရေးပေါ် ပြောင်းရွှေ့မှုများ ပြုလုပ်ပေးခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူပေါင်း ၈၅ ဦးခန့် သေဆုံးခဲ့သည်။

ယီမင်အစိုးရတပ်ဖွဲ့များ ပြည်နယ်တစ်ခုကို ပြန်သိမ်းနိုင်
………………………………….
အဝေးရောက် ယီမင်အစိုးရအား ထောက်ခံသည့် တပ်ဖွဲ့များမှာ ယနေ့တွင် နိုင်ငံတောင်ပိုင်းရှိ ရှဘ်ဝါ ပြည်နယ်ကို သီသူပုန်များလက်ထဲမှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါပြည်နယ်အား ဟူသီသူပုန်များက ပြီးခဲ့သည့်နှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မတ်လတွင် မြို့တော်ဆန်နာကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှဘ်ဝါပြည်နယ်ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ ယီမင်အစိုးရအား ထောက်ခံသည့်တပ်ဖွဲ့များက ဟူသီသူပုန်များလက်မှ ပြန်သိမ်းနိုင်ခဲ့သည့် ပဉ္စမမြောက်ပြည်နယ်လည်း ဖြစ်သည်။

Ref: News Agencies

Comments

Leave a Reply