သြဂုတ် ၁၅၊ ၂၀၁၅
M-Media

– ဇွန်လ ၉ ရက်နေ့က မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ သူပုန်များအား ချေမှုန်းခဲ့သည့် ကွန်မန်ဒိုများကို ၆၉ နှစ်မြောက် လွတ်လပ်ရေးအကြိုနေ့တွင် အိန္ဒိယက သူရဘွဲ့များနှင့် ဂုဏ်ထူးဆောင်ဘွဲ့ ၇ ခု ချီးမြှင့်ခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီး နက်တာ ဆန်ဂျန်ဘန်မှာ ငြိမ်းချမ်းသည့်အချိန်တွင် ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုဆုများထဲမှ ဒုတိယအမြင့်ဆုံးဖြစ်သော Kirti Chakra ဆုကို ရရှိခဲ့ပြီး၊ ဟာဗီလ်ဒါ တန်ကာ ကူးမားရ် လင်ဘူမှာလည်း တတိယအမြင့်ဆုံးဖြစ်သော Shaurya Chakra ဘွဲ့ကို ရရှိခဲ့သည်။ လေထီးတပ်မှ ကွန်မန်ဒို ၅ ဦးမှာ Sena Medal ဆုတံဆိပ်များကို ရရှိခဲ့သည်။
မနီပူးရ်ရှိ ချန်ဒဲလ် ခရိုင်တွင် ဇွန်လ ၄ ရက်နေ့က သူပုန်များ၏ တိုက်ခိုက်မှုများကြောင့် စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယ လေထီးတပ်သားများမှာ မနီပူးရ်နှင့် နာဂလန်းပြည်နယ်များကို ဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ သူပုန်စခန်းနှစ်ခုကို စီးနင်းချေမှုန်းခဲ့သည်။ သူပုန်များ၏ ထိုတိုက်ခိုက်မှုမှာ နှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များအပေါ် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။
၎င်းတို့အပြင် နိုင်ငံအတွက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်ခဲ့ကြသော ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ တပ်သားများကိုလည်း အိန္ဒိယက သူရဘွဲ့နှင့် အခြားသော ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့သည်။
Ref: hindustantimes

Leave a Reply
You must be logged in to post a comment.