News @ M-Media

ရိုဟင်ဂျာများ မဲပေးခွင့်မရခြင်းအတွက် ဦးဝဏ္ဏမောင်လွင်၏ ပြောကြားမှု လှောင်ရယ်ခံရ

စက်တင်ဘာ ၂၅၊ ၂၀၁၅
M-Media

wanna
၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဦးဝဏ္ဏမောင်လွင်

– ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစုများ၏ မဲပေးခွင့် ပိတ်ပင်ခြင်းအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန်မှ Greend Card ကိုင်ဆောင်သူ နိုင်ငံခြားသားများနှင့် နှိုင်းယှဉ်ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း၏ လှောင်ရယ်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

ယမန်နေ့က နယူးယောက်မြို့ရှိ အမေရိကန် နိုင်ငံခြားဆက်ဆံရေးကောင်စီတွင် ပြုလုပ်ခဲ့သည့် အခမ်းအနား၌ ဦးဝဏ္ဏမောင်လွင်က ယာယီသက်သေခံကဒ်ပြားများ ကိုင်ဆောင်သူအများစု ရှိနေသော နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင်များအား မြန်မာအစိုးရက မဲပေးခွင့် ပိတ်ပင်ထားမှုကို အမေရိကန်တွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ရရှိသော နိုင်ငံခြားသားများ (Green Card ကိုင်ဆောင်သူများ) မဲပေးခွင့်မရသည့် အခြေအနေနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ တက်ရောက်လာခဲ့သည့် နိုင်ငံတကာမှ အကြီးအကဲများနှင့် ဧည့်သည်တော်များမှာ နိုင်ငံခြားရေးဝန်ကြီး၏ ထိုမှတ်ချက်အတွက် လှောင်ရယ်ခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံမှာ ယာယီသက်သေခံကဒ်ပြားများကို တရားမ၀င်အဖြစ် ကြေငြာခဲ့သည်။ အဆိုပါကဒ်ပြား ကိုင်ဆောင်သူများမှာ ၂၀၁၀ ခုနှစ်တွင် မဲပေးခွင့်ရခဲ့သော်လည်း လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးခွင့်ရတော့မည် မဟုတ်ချေ။

ထိုသို့ဆောင်ရွက်ခြင်းမှာ မြန်မာနိုင်ငံတွင်းရှိ ဖိနှိပ်ခံ နိုင်ငံမဲ့ ရိုဟင်ဂျာလူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှုမှ နောက်ဆုံးပေါ်ထွက်လာသည့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ခဲ့ကြသည်။ ရိုဟင်ဂျာအများစုမှာ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ချီ၍ နေထိုင်ခဲ့ကြသူများဖြစ်သည်။

ကုလအထွထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်မှာ ယမန်နေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲက မဲပေးပိုင်ခွင့်ရှိသူ လူနည်းစုများ၏ မဲပေးခွင့် ဆုံးရှုံးခြင်းအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

Ref: Nytimes

Comments

Leave a Reply