News @ M-Media

ဆီးရီးယားတွင် ရုရှား၏ကြားဝင်မှု ဒေသအတွက် အရေးပါဟု အာဆတ်ပြော

အောက်တိုဘာ ၅၊ ၂၀၁၅
M-Media

syria

– ပြည်တွင်းစစ်ဖြစ်ပွားနေသော မိမိတို့နိုင်ငံအတွင်း ရုရှား၏ စစ်ရေးအရ ကြားဝင်ခြင်းမှာ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးအတွက် အရေးပါသည်ဟု ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်က ယမန်နေ့ အီရန်နိုင်ငံပိုင်ရုပ်သံနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားလိုက်သည်။

ရုရှားမှာ ပြီးခဲ့သည့်သီတင်းပတ်ကစ၍ အာဆတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ကရင်မလင်ကမူ မိမိတို့မှာ IS တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် ကူညီနေခြင်းဖြစ်သည်ဟု ဆိုသည်။

အာဆတ်က ရုရှား၊ အီရတ်၊ အီရန်တို့နှင့် ဆီးရီးယား၏ မဟာမိတ်ဖွဲ့ခြင်းမှာ မဖြစ်မနေ အောင်မြင်ရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး ဖျက်ဆီးခံရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ဒီမဟာမိတ်အဖွဲ့ရဲ့ အောင်မြင်မှုအခွင့်အလမ်း ကြီးမားပြီး အဓိပ္ပါယ်မရှိတာမျိုး မဟုတ်ပါဘူး”

Ref: Aljazeera

Comments

Leave a Reply