News @ M-Media

ပစိဖိတ် ကုန်သွယ်ရေးဇုန်ကိစ္စ အဖွဲ့ဝင်နိုင်ငံများ မူအားဖြင့် သဘောတူညီ

အောက်တိုဘာ ၅၊ ၂၀၁၅
M-Media

japan

– ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်သွယ်ရေးဇုန် ဖြစ်လာမည့် ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီချက်ကို မူအားဖြင့် သဘောတူညီခဲ့ပြီဟု ဂျပန်စီးပွားရေးဝန်ကြီး အာကီရာ အေမာရီက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားလိုက်သည်။

ပစိဖိတ်ဒေသ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှာ နောက်ဆုံးကွဲလွဲမှုများအတွက် သဘောတူညီချက်ရရန် ဆွေးနွေးမှုကို ပြီးခဲ့သည့် ရက်ပိုင်းကတည်းက အပြင်းအထန်ပြုလုပ်နေခြင်းဖြစ်ပြီး ယမန်နေ့ မနက်ပိုင်း ဆွေးနွေးမှုများတွင် တိုးတက်မှုများ ရရှိခဲ့သည်ဟု အေမာရီက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ပစိဖိတ်ကုန်သွယ်ရေးဇုန် ဖြစ်လာပါက ကမ္ဘာ့စီပွားရေး၏ ၄၀ ရာခိုင်နှုန်းရှိသော ဒေသတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ပြည့်ဝသော သဘောတူညီချက်ရရှိ အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

Ref: channelnewsasia

Comments

Leave a Reply