အောက်တိုဘာ ၅၊ ၂၀၁၅
M-Media
– ဂျူများ အသတ်ခံရပြီးနောက် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို အစ္စရေးက ပိတ်ပင်ခဲ့သောကြောင့် ဒေသခံများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ဆယ်ကျော်သက် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း အစ္စရေးမှာ ကျည်ဆံအစစ်များ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး တူလ်ကာမ် စစ်ဆေးရေးဂိတ်တွင် ရေနံဆီဗုံး ပစ်သည်ဟုဆိုကာ အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းလူငယ် ဟူသိုင်ဖာ ဆူလေမန်ကို အစ္စရေးစစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြမှုအတွင်း ပါလက်စတိုင်းပြည်သူ ၄၀၀ နီးပါးခန့် ဒဏ်ရာရခဲ့ပြီး ထိုအထဲမှ ၁၅၀ ခန့်မှာ သေနတ်ဒဏ်ရာများ ဖြစ်သည်။ ၂၀၀ ကျော်မှာလည်း မျက်ရည်ယိုဗုံးဒဏ်ကြောင့် ဆေးကုသမှု ခံခဲ့ရသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.