အောက်တိုဘာ ၁၁၊ ၂၀၁၅
M-Media
– IS အဖွဲ့ခေါင်းဆောင် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီ လိုက်ပါလာသည့် ယာဉ်တန်းကို မိမိတို့လေတပ်က တိုက်ခိုက်ခဲ့သည်ဟု အီရတ်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်ပြီး ဘဂ္ဂဒါဒီ၏ ကံကြမ္မာကို မသိရသေးဟု ဆိုသည်။
ကာရ်ဘာလာဒေသတွင် အကြီးတန်း IS ခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်ရန် သွားရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးလုပ်မည့် နေရာကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ IS ခေါင်းဆောင် အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြသည်ဟု စစ်တပ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ယခုနှစ် မတ်လတို့တွင် ဘဂ္ဂဒါဒီမှာ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သည်ဟု အီရတ်စစ်တပ်က ၂ ကြိမ်တိုင်တိုင် ကြေငြာခဲ့ဖူးသည်။ သို့သော်လည်း ထိုသတင်း ထွက်ပေါ်လာပြီး ရက်အနည်းငယ်ကြာတိုင်း ဘဂ္ဂဒါဒီ၏ အသံဖိုင်များ အွန်လိုင်စာမျက်နှာပေါ်တွင် ပေါ်ထွက်လာတတ်သည်။
Ref: CNN


Leave a Reply
You must be logged in to post a comment.