အောက်တိုဘာ ၂၀၊ ၂၀၁၅
M-Media
– လီဗာပူးနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာ်၏ နေရာတွင် ဂျာဂန်ကလော့ပ်အား အစားထိုးမည်ဟု သိရှိရပါက ရဟီးမ် စတာလင်မှာ လီဗာပူးတွင် ဆက်ရှိကောင်း ဆက်ရှိနိုင်သည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ အေဒီ ၀ါ့ဒ်က ပြောကြားလိုက်ပြီး ကလော့ပ်မှာ စတာလင်နှင့် လုံးဝ လိုက်ဖက်မည်ဟု ဆိုသည်။
အသက် ၂၀ အရွယ် အင်္ဂလန်တိုက်စစ်မှူးမှာ ယခုနှစ်နွေရာသီတွင် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်မှ ထွက်ခွာရသည့် အဓိကအကြောင်းအရင်းမှာ ရော်ဂျာရှိနေခြင်းကြောင့်ဟု ဆိုသည်။
“လီဗာပူးလ်နည်းပြအသစ်က ရဟီးမ်နဲ့ လုံးဝ လိုက်ဖက်မှာပါ။ သူက ငြင်သာတယ်၊ စည်းကမ်းကြီးတယ်၊ အကြံသစ်ဥာဏ်သစ်ရှိတယ်၊ အသစ်အသစ်တွေကို စမ်းကြည့်ဖို့ မကြောက်ဘူး။ သူဟာ လီဗာပူးမှာ ကြီးကျယ်လာမှာပါ။ ကလော့လက်အောက်မှာ ရဟီးမ်ဟာ ကောင်းမွန်တဲ့ အခြေအနေ ရှိမလားဆိုလာရင်တော့ – ဟုတ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း ရှိမှာပါပဲ” ဟု အေးဂျင့် ၀ါ့ဒ်က ပြောခကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.