အောက်တိုဘာ ၂၀၊ ၂၀၁၅
M-Media
– ဂျပန်လွှတ်တော်အမတ်များမှာ ဒုတိယကမ္ဘာစစ်က ကျဆုံးသွားသည့် ထိပ်တန်း စစ်ခေါင်းဆောင်များအတွက် အောက်မေ့ဖွယ် ယာဆူကူနီဗိမာန်သို့ ယနေ့မနက်ပိုင်းတွင် သွားရောက်ဂါရ၀ပြုခဲ့ကြပြီး ထိုဗိမာန်အား ဂျပန်နိုင်ငံ၏ ဖက်စစ်ဝါဒကို ဖော်ကျူးသည့် ပြယုဂ်အဖြစ် မှတ်ယူထားသည့် တရုတ်နှင့် တောင်ကိုရီးယားတို့ကို ဒေါသထွက်စေမည်ဖြစ်သည်။
တိုကျိုမြို့ရှိ အဆိုပါ ဂူဗိမာန်သို့ ဆောင်းဦးရာသီပွဲတော် အထိမ်းအမှတ်အဖြစ် လာရောက် ဂါရ၀ပြုခြင်း ဖြစ်ပြီး လွှတ်တော် အမတ် ၉၆ ဦးအပြင် နိုင်ငံရေးသမား ၇၃ ဦးပါသော အဖွဲ့တစ်ခုလည်း ပါဝင်ခဲ့သည်။ ယမန်နေ့ကမူ ဂျပန်ကတ်ဘိနတ်မှ ၀န်ကြီး ၂ ဦးက လာရောက်ဂါရ၀ပြုခဲ့ပြီး ၀န်ကြီးချုပ်ရှင်ဇိုအာဘေးမှာ လာရောက်ခြင်းမရှိဘဲ စနေနေ့က ဆုတောင်းမှုသာ ပြုခဲ့သည်။
အဆိုပါဗိမာန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇ၀တ်မှု ကျူးလွန်ထားသော ဂျပန်စစ်အရာရှိများနှင့် ထိပ်တန်းနိုင်ငံရေးသမားများကို ဂုဏ်ပြုသည့် ဗိမာန်ဖြစ်ပြီး၊ ဂျပန်အစိုးရ တာဝန်ရှိသူများ သွားရောက်ဂါရ၀ပြုခြင်းမှာ စစ်အတွင်း ဂျပန်နိုင်ငံ၏ ကျူးကျော် နှိပ်စက်မှုကို ခံစားခဲ့ရသည့် မိမိတို့ဘိုးဘေးများကို မထိလေးစားပြုခြင်းဟု တရုတ်နှင့် တောင်ကိုရီးယားတို့က သတ်မှတ်ထားသည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.