နိုဝင်ဘာ ၄၊ ၂၀၁၅
M-Media
– လူပေါင်း ၃၀ ကျော်သေဆုံးခဲ့သည့် နိုက်ကလပ်မီးလောင်မှုနှင့် ပတ်သက်၍ ပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် ရိုမေးနီးယား ၀န်ကြီးချုပ် ဗစ်တာပွန်တာက ရာထူးမှ နှုတ်ထွက်ကြောင်း ယနေ့တွင် ကြေငြာလိုက်သည်။
“ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်ကို ကျွန်တော် လွှဲပြောင်းပေးတော့မှာဖြစ်ပြီး ရာထူးကနေလည်း နှုတ်ထွက်တော့မှာပါ။ ကျွန်တော့်အစိုးရကလည်း အကြွင်းမဲ့ နှုတ်ထွက်မှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဒီလိုနှုတ်ထွက်မှုဟာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတဲ့သူတွေ ကျေနပ်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ယနေ့တွင် ထုတ်ပြန်သော ပွန်တာ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
Rock ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်နေစဉ် အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော Colectiv နိုက်ကလပ်မီးလောင်မှုတွင် သေဆုံးသူ ၃၂ ဦးအထိ မြင့်တက်လာမှုနှင့် အစိုးရ၏ ကိုင်တွယ်မှုကို မကျေနပ်သည့် ပြည်သူထောင်ပေါင်းများစွားမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆန္ဒပြခဲ့ကြပြီး ကတ်ဘိနတ်အဖွဲ့ နှုတ်ထွက်ရန်လည်း ထောင်းဆိုခဲ့ကြသည်။
အဆိုပါ နိုက်ကလပ်၏ ပိုင်ရှင် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပေါ့ဆမှု၊ လူသတ်မှုနှင့် လက်ရောက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ အာဏာရ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အကြီးအကဲ လီဗီယူ ဘရာ့ဂ်နီယာကမူ ဖြစ်ပျက်ခဲ့သမျှအတွက် တစ်ဦးဦးက တာဝန်ယူပေးရမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.