ဇန်န၀ါရီ ၂၊ ၂၀၁၆
M-Media
– လက်ရှိ ခရစ္စတယ်ပဲလေ့စ်အသင်းအား တစ်ဆင့်မြှင့်ပေးချင်သည်ဟု နည်းပြ အလန်ပါဂျူးက ပြောကြားလိုက်ပြီး မိမိအနေဖြင့် ဆုဖလားများ ရရှိချင်သည်ဟု ဆိုသည်။
လွန်ခဲ့သည့်တစ်နှစ်က တန်းဆင်းဇုန်အတွင်း ရှိနေခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ပါဂျူးမှာ နယူးကာဆယ်မှ တစ်ဆင့် ပြောင်းရွှေ့လာကာ ရာသီကုန်တွင် အသင်းအား အဆင့် ၁၀ နေရာသို့ ရောက်ရှိအောင် စွမ်ဆောင်ပေးနိုင်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း ပဲလေ့စ်မှာ ခြေစွမ်းကောင်းများ ပြသနေပြီး အသင်းမှာ အဆင့် ၅ နေရာတွင် ရှိနေကာ ပါဂျူးကိုလည်း အသင်းက ထပ်မံသက်တမ်းတိုးရန် ကြိုးစားနေသည်။
”စာချုပ်သစ်အတွက် ကျွန်တော် သူတို့နဲ့ ဆွေးနွေးနေတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ဟာ ရှေ့ဆက်သွားနိုင်င်တယ်လို့ ခံစားရလို့ပါ။ ရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ ကျွန်တော် ဒီမှာဆက်ရှိနေစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ နည်းပြသက်တမ်းဘ၀ ဒီအချိန်မှာ ဆုဖလားတွေရရှိဖို့ ကျွန်တော် လိုအပ်နေပါတယ်။ ဒါကလည်း ကျွန်တော့်ကို အသင်းက နည်းပြခန့်အပ်တဲ့ ကိစ္စ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ ဆုဖလားတွေကို လိုချင်ပါတယ်” ဟု ပါဂျူးက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.