ဇန်န၀ါရီ ၂၊ ၂၀၁၆
M-Media

– ကမ္ဘာ့သင်္ချာအသင်းက အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ သင်္ချာဆိုင်ရာ ပြိုင်ပွဲတစ်ခုတွင် ဆော်ဒီကျောင်းသား အုပ်စုတစ်ခုမှာ ပထမနေရာကို ရရှိခဲ့သည်ဟု သိရသည်။
Mini Al-Khwarizmi အဖွဲ့ဖြစ်ပြီး ကျောင်းသား ၁၅ ဦးပါဝင်ကာ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားတို့အတွက် စိတ်ဖြင့် တွက်ချက်ခြင်းပြိုင်ပွဲတွင် ထိုကဲ့သို့ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
”ဒီတွက်ချက်မှုမှာ ကလေးငယ်လေးတွေဟာ စိတ်နဲ့ပဲ တွက်ချက်ရတာဖြစ်ပြီး ဘောပင်၊ ခဲတံ၊ စာရွက် ဘာမှ မသုံး ရပါဘူး” ဟု သင်္ချာပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
၎င်းတို့၏အုပ်စု၏ အမည်ကို အာရပ် သင်္ချာနှင့် နက္ခတဗေဒပညာရှင် မူဆာ အလ်-ခွါရစ်ဇ်မီကို ဂုဏ်ပြုသောအားဖြင့်
ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အလ်-ခွါရစ်ဇ်မီမှာ Compendious Book on Calculation by Completion and Balancing
ဟုခေါ်သည့် အလ်ဂျီဘရာ ကျမ်းကြီးတစ်စောင်ကို ရေးသားခဲ့သူဖြစ်သည်။
ထိုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် သင်္ချာပညာရှင်များမှာ အဆိုပါ အုပ်စုကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။
Ref: IINA
Leave a Reply
You must be logged in to post a comment.