ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
M-Mdia
– နည်းပြသစ် ဇီနဒင်း ဇီဒိန်း၏ လက်အောက်တွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ရုန်းကန်နေရမှုများမှာ အဆုံးသတ်သွားလိမ့်မည်ဟု အသင်းဖော်ဟောင်း ရာအူးလ်က ပြောကြားခဲ့သည်။
ဇီဒိန်းမှာ ရာဖေးလ် ဘင်နီတက်ဇ်၏နေရာတွင် ပြီးခဲ့သည့်ဇန်န၀ါရီလက အစားဝင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းကိုင်တွယ်ခဲ့သည့် လာလီဂါ ၅ ပွဲတွင် ၁၃ မှတ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တတိယနေရာမှ ရီးယဲလ်မက်ဒရစ်မှာ ဒုတိယနေရာမှ အက်သလက်တီကိုမက်ဒရစ်နှင့် ၁ မှတ်ကွာဟနေကာ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် တစ်ပွဲပို ၄ မှတ် ကွာဟနေသည်။
ရာအူးလ်ကမူ ရီးယဲလ်မှာ ဇီဒိန်း၏လက်အောက်တွင် အိပ်မက်များ ပြန်လည် မက်လာနိုင်ပြီဟု ဆိုသည်။
“ဇီဒိန်းက ကမ္ဘာ့အဆင့် ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ပြောစကားဟာ ကစားသမားတွေကြားထဲမှာ သက်ရောက်မှုရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဆွတ်ခူးခဲ့တာ၊ သူကစားတဲ့ပုံစံတွေကြောင့် သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ညွှန်ကြားမှုကို ကစားသမားတွေ နာယူနိုင်အောင်လည်း သူ လုပ်နိုင်မှာဖြစ်ပြီး အသင်းကလည်း အရည်အသွေးတွေ ပြည့်ဝလာမှာပါ။ လူတွေက တကယ်ဘာလိုချင်တယ်ဆိုတာကို သူက သိပါတယ်။ ရုန်းကန်နေရမှု အဆုံးသတ်ပြီလို့ ဘာ့ကြောင့် ကျွန်တော်တို့ မအော်နိုင်ရမှာလဲ” ဟု ရာအူးလ်က ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.