News @ M-Media

အမေရိကန် လွှတ်တော်အဆောက်အဦးတွင် လူတစ်ဦးက သေနတ်ဆွဲထုတ်မှုကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

မတ် ၂၉၊ ၂၀၁၆
M-Media

capitol

– အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ရှိ လွှတ်တော်အဆောက်အဦးတွင် လူတစ်ဦးက သေနတ်ဆွဲထုတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ သေနတ်သမားကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယမန်နေ့က လွှတ်တော်ရှိ လာရောက်လည်ပတ်သူများစင်တာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်ကြောင့် အိမ်ဖြူတော်ကို ခေတ္တ ပိတ်ပစ်ခဲ့ရကာ နောက်ပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

လွှတ်တော် စစ်ဆေးရေးဂိတ်၌ သေနတ်ဆွဲထုတ်ခဲ့ရာတွင် တာဝန်ရှိသူများက ပစ်တ်ခတ်ဖမ်းဆီးခဲ့ရပြီး သေနတ်သမားမှာ ဒဏ်ရာရရှိကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ထိုအဖြစ်အပျက်အတွင်း ဘေးတွင်ရပ်နေသည့် အမျိုးသမီးတစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

လွှတ်တော်ရဲတပ်ဖွဲ့အကြီးအကဲ မက်သယူး အာရ် ဗာဒီရိုဆာကမူ အဆိုပါ သံသယရှိသူမှာ ရဲတပ်ဖွဲ့နှင့် မျက်မှန်းတန်းမိသူဖြစ်ပြီး၊ ထိုအဖြစ်အပျက်ကလည်း ယခင်က လွှတ်တော်အဆောက်အဦးတွင် ဖြစ်ပွားခဲ့သည့် ပုံစံမျိုး တစ်ဦးတည်းကျူးလွန်မှုသာဖြစ်ကာ သာမန် ရာဇ၀တ်မှုအဖြစ်အပျက် တစ်ခုထက်ပိုသည့် အကြောင်းအရင်းမရှိဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply