News @ M-Media

ချယ်ဆီးမှစိတ်ဝင်စားနေသည့် နည်းပြကွန်တီ အီတလီမှ ထွက်ခွာမည်ဟု အတည်ပြု

မတ် ၂၉၊ ၂၀၁၆
M-Media

conte

– အီတလီနည်းပြကွန်တီက မိမိအနေဖြင့် ယူရို ၂၀၁၆ တွင် အသင်းအား အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်သည့်တိုင်အောင် အသင်း၌ ဆက်ရှိနေတော့မည်မဟုတ်ဟု ပြောကြားလိုက်သည်။

ဂျူဗင်တပ်စ်နည်းပြဟောင်း ကွန်တီမှာ ရာသီကုန်လျှင် ချယ်ဆီးသို့ရောက်ရှိမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူဖြစ်သည်။ ၎င်းကလည်း အီတလီနည်းပြအဖြစ် ဆက်ရှိတော့မည်မဟုတ်ဟု ယခုကဲ့သို့ ပြောကြားလိုက်ခြင်းကြောင့် ပရီးမီးယားလိဂ်သို့ ရောက်ရှိရန်မှာ ပိုမိုနီးစပ်လာပြီဖြစ်သည်။

“ထွက်ခွာမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်က ဥရောပချန်ပီယံရှစ်ရလဒ်အပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ နည်းပြ စစ်စစ်တစ်ယောက်အဖြစ် ပြန်လည် ဆောင်ရွက်လိုမှုအပေါ်မှာ မူတည်ပါတယ်။ ဥပမာအားဖြင့် ဒီပြိုင်ပွဲပြီးရင် ကျွန်တော်အချိန်တော်တော်များများ အားမယ်။ ကျွန်တော့်မိသားစုအတွက် အချိန်တွေကို ကုန်ဆုံးကောင်း ကုန်ဆုံးနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ နေ့စဉ်ထိတွေ့ရတဲ့ဘ၀ကို ကျွန်တော် ပြန်ရဖို့ လိုပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply