မေ ၁၀၊ ၂၀၁၆
M-Media
– ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook နှင့် တရုတ်ကုမ္ပဏီတစ်ခုတို့၏ တံဆိပ်ပြဿနာတွင် ဘေဂျင်းတရားရုံးက Facebook အား အနိုင်ပေးခဲ့သည်ဟု သိရသည်။
Zhongshan Pearl River ကုမ္ပဏီဖြစ်ပြီး ‘face book’ ဆိုသည့် တံဆိပ်ကို ၂၀၁၄ ခုနှစ်တွင် မှတ်ပုံတင်ကာ အသုံးပြုခဲ့ကာ တရားရုံးကမူ နာမည်ကြီး တံဆိပ်တစ်ခုကို ကူးယူ ပုံတူပွားမှုကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည့်အတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။
Facebook ကို တရုတ်နိုင်ငံက ပိတ်ပင်ထားသော်လည်း တရုတ်ဈေးကွက်သို့ ၀င်ရောက်ရန် မကြာသေးမီကာလအတွင်း အနုနည်းဖြင့် ကြိုးပမ်းလာခဲ့သည်။ ဘေဂျင်းတရားရုံးက ယခုကဲ့သို့ Facebook အား အနိုင်ပေးမှုမှာ တရုတ်အာဏာပိုင်များအနေဖြင့် Facebook အပေါ်ထားရှိသည့် တင်းမာသည့်ရပ်တည်ချက် ပျော့ပြောင်းလာပြီလားဟု မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
Facebook ကိုတည်ထောင်သူ မာ့ခ် ဇူကာဘာ့ဂ်က မကြာသေးမီ တရုတ်နိုင်ငံသို့ သွားရောက်မှုအတွင်း တရုတ်ဝါဒဖြန့်ချီရေးအကြီးအကဲ လွီ ယန်ရှန်းနှင့် မီဒီယာအကြီးအကဲ ဂျက်မာတို့နှင့် တွေ့ဆုံခဲ့သည်။
Ref:BBC


Leave a Reply
You must be logged in to post a comment.