ဇွန် ၁၄၊ ၂၀၁၆
M-Media
– အရှေ့တရုတ်ပင်လယ်နားမှာ ပြုလုပ်နေတဲ့ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ အငြင်းပွား ရေပိုင်နက်အတွင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်အောင် ဖန်တီးနေသလို ဖြစ်နေတယ်လို့ တရုတ်စစ်ရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။
အဲဒီစစ်ရေးလေ့ကျင်မှု ပထမအဆင့်ကို ဂျပန်နိုင်ငံ အနောက်တောင်ဘက် ဆာဆီဘိုမြို့မှာ သောကြာနေ့က စတင်ခဲ့ပြီး ဒုတိယအဆင့်ကိုတော့ အိုကီနာဝါကျွန်းမှာ ဇွန်လ ၁၄ ကျရင် စတင်မှာဖြစ်ပါတယ်။ တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဒူဝမ်လုံက အဲဒီစစ်ရေးလေ့ကျင့်မှုဟာ အရှေ့တရုတ်ပင်လယ်က ရေကြောင်း၊ လေကြောင်းအခြေအနေတွေကို ပိုမိုဆိုးရွားလာအောင်လုပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၃ နိုင်ငံစစ်ရေးလေ့ကျင့်မှုမှာ နောက်ဆုံးပေါ်လက်နက်တွေကို အသုံးပြုသွားမှာဖြစ်ပြီး ဂျပန်စစ်ရေယာဉ်တွေကလည်း ရေငုပ်သင်္ဘောဖမ်ဆီးရေးလေ့ကျင့်ခန်းနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင်ခန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
“တကယ်လို့သာ ဒီ ၃ နိုင်ငံဟာ ဒေသတွင်းမှာ ခေတ်မီလက်နက်တွေနဲ့ စစ်ရေးလေ့ကျင့်မယ်ဆိုရင် သူတို့ရဲ့ရည်ရွယ်ချက်က အငြင်းပွားပိုင်နက်ထဲမှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးဖို့ဆိုတာ အသေအချာပါပဲ” လို့ ဒူက ဆိုပြီး၊ ဒါဟာ တရုတ်ရဲ့ကမ်းလွန်ပိုင်နက်အတွင်း စစ်ရေးလှုပ်ရှားမှုကိုတွေကို ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: Presstv


Leave a Reply
You must be logged in to post a comment.