News @ M-Media

အိန္ဒိယရှိ အာသံပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်၊ လူ ၁၂ ဦး သေဆုံး

သြဂုတ် ၅၊ ၂၀၁၆
M-Media

assam

– အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ မြို့တစ်ခုမှ လူစည်ကားရာဈေးအတွင်း လက်နက်ကိုင်အမျိုးသားတစ်စုက ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုကရာဂျာမြို့တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားတစ်ဦးမှာ သေဆုံးခဲ့သည်ဟု ဆိုသည်။ ဒေသတွင်းမီဒီယာများကမူ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၂၀ ဦးရှိကာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

ပြည်နယ်လုံခြုံရေးတာဝန်ရှိသူများကမူ သေနတ်သမားမှာ ၃ ဦး သို့မဟုတ် ၄ ဦး ရှိသည်ဟု ဆိုသည်။ အာသံပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရလိုသည့် သို့မဟုတ် ခွဲထွက်လိုသည့် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ယခင်ကလည်း ထိုကဲ့သို့ သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးဘဲ၊ လွန်ခဲ့သည့် ၃ ရက်ကမူ ရဲတပ်ဖွဲ့မှာ ထိုမြို့တွင် NDBF လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အဖွဲ့က တိုက်ခိုက်မှု၏နောက်ကွယ်တွင် ရှိသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

NDFB မှာ အာသံပြည်နယ်ရှိ ဘိုဒိုလူမျိုးများအတွက် သီးခြားပြည်နယ်တစ်ခု ရရှိရန် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

Ref: Aljazeera

Comments

Leave a Reply