သြဂုတ် ၂၀၊ ၂၀၁၆
M-Media
– တရုတ်-မြန်မာ ဆက်ဆံရေး မှန်ကန်သောအနေအထားဖြင့် ဖွံ့ဖြိုးလာရန် တရုတ်နိုင်ငံက အလိုရှိနေသည်ဟု တရုတ်သမ္မတ ဇီကျင်ပင်းက ယမန်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်မေလက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရ တက်လာပြီးနောက်ပိုင်း သံမတမန်ရေးရာ အသာရရှိရေး တိုးမြှင့်ဆာင်ရွက်ခဲ့သည်။
“လက်ရှိ မြန်မာပြည်သူတွေဟာ နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့အနာဂတ်ရဲ့ တာထွက်မှာ ရှိနေကြတာပါ။ မှန်ကန်တဲ့ အနေအထားမျိုးဖြစ်ဖို့၊ နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်မှုအသစ်ရဖို့၊ ပြည်သူနှစ်ရစ်လုံးအကြား မြင်သာတဲ့ အကျိုးကျေးဇူးတွေကို ဆောင်ကျဉ်းဖို့ ကျွန်တော်တို့ ဆက်ဆံရေးကောင်းရပါမယ်” ဟု ဇီက ပြောကြားခဲ့သည်။
သို့သော်လည်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားပြီး ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိသည့် အငြင်းပွားဖွယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအကြောင်းကို သတင်းထောက်များ၏ရှေ့တွင် ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။
အဆိုပါစီမံကိန်းကို မကျေနပ်၍ မြန်မာပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခင်သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး တရုတ်နိုင်ငံကမူ ထိုကိစ္စနှင့်ပတ်သက်၍ ကျေနပ်မှုမရှိဘဲ နောက်ပိုင်းတွင် စီမံကိန်းပြန်စရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။
လက်ရှိတွင် မြန်မာအစိုးရက ထိုကိစ္စအတွက် ကော်မရှင်တစ်ခုကိုဖွဲ့စည်းကာ သုံးသပ်မှုများ ပြုလုပ်နေပြီး အစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် တင်သွင်းမည်ဖြစ်သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုစီမံကိန်းအတွက် အကောင်းဆုံးအဖြေကိုသာ ရှာဖွေရန် ကြိုးစားနေပြီး မည်သို့ ဖြစ်လာမည်ကို မသိသေးဟု တရုတ်မီဒီယာတစ်ချို့၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.