သြဂုတ် ၂၀၊ ၂၀၁၆
M-Media
– ခရိုင်းမီးယားကျွန်းဆွယ်ရှိ ပင်လယ်နက်တွင် မိမိတို့မှာ ရေတပ်နှင့် ထောက်ပံ့ရေး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေသည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
“ထောက်ပံ့ရေးတပ်ဖွဲ့တွေက ခရိုင်မီးယားကျွန်းဆွယ်ရဲ့ ရေကြောင်းနဲ့ ကုန်းကြောင်း ထောက်ပံ့ရေးဆိုင်ရာ လက်တွေ့လေ့ကျင်မှုတွေ စတင်ပြုလုပ်နေပါတယ်” ဟု ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒီမီထရီ ဘူလ်ဂါကော့ဗ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားရေတပ်မှာ ပင်လယ်ပြင် ပြန်လည်သိမ်းပိုက်ရေး စစ်ရေးလေ့ကျင်မှု၊ တောင်ပိုင်းတိုင်း ထောက်ပံ့ရေးတပ်ဖွဲ့က တိုက်ပွဲမှ လက်နက်များ သိမ်းယူရေး၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးလေ့ကျင့်မှု၊ တိုက်လေယာဉ်များအား ဆီဖြည့်သည့်လေ့ကျင့်မှု စသည်တို့ကိုလည်း ဆောင်ရွက်ခဲ့သည်ဟု ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ရုရှား၏ ယခုစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းနှင့် တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုကလည်း ခရိုင်းမီးယားတွင် ရုရှား၏ စစ်ရေးဖြည့်တင်းမှုများကို တုန့်ပြန်ရန်အတွက် စစ်တပ်အား တပ်လှန့်ရန် တုန့်ဆိုင်းနေမည်မဟုတ်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ခရိုင်းမီးယားအနီးနှင့် နိုင်ငံအရှေ့ဘက်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များကို အမြင့်ဆုံးအဆင့် တပ်လှန့်မှု ပြုလုပ်ထားသည်။
Ref : Presstv
Leave a Reply
You must be logged in to post a comment.