သြဂုတ် ၃၁၊ ၂၀၁၆
M-Media
– ယခုနှစ် ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ ရောက်ရှိလာမည့် ဟဂ်ျဘုရားဖူးခရီးသည်များ အဆင်ပြေလွယ်ကူစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဘက်စုံသုံး ထီးတစ်ခုကို ဆော်ဒီ-ပါလက်စတိုင်း နည်းပညာကုမ္ပဏီက တီထွင်ခဲ့သည်။
Knowledge-Base ကုမ္ပဏီဖြစ်ပြီး အဆိုပါ ထီးကို Kafya ဟု အမည်ပေးထားကာ ဓာတ်မီး၊ ပန်ကာနှင့် GPS စနစ်တို့ကို ထီးအရိုးတွင် တပ်ဆင်ထားသည်။ ထီးအရွက်ပေါ်ရှိ ဆိုလာဆဲလ်များက နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းပေးကာ ထီးတွင်တပ်ဆင်ထားသည့် ထိုစနစ်များအတွက် စွမ်းအင်ပေးမည်ဖြစ်သည်။
ထို့ပြင် ဖုန်းများ၊ တက်ဘလက်များကို အားသွင်းနိုင်ရန်အတွက် USB အပေါက်များလည်း ထီးအရိုးတွင် ထည့်သွင်းထားသည်ဟု ထီထွင်သူ မာနဲလ် ဒန်ဒစ်က ပြောကြားခဲ့သည်။
ဟဂ်ျကျင့်စဉ်တွင် မက္ကာဟ်နှင့် မဒီနာမြို့ရှိ ဒေသအများအပြားသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းမှုများ၊ ကျင့်စဉ်များကို ပြုလုပ်ရခြင်းကြောင့် အပူချိန်ပြင်းထန်သည့် ထိုဒေသတွင် ဘက်စုံသုံးနိုင်သည့် ယခုထီးက အလွန်အသုံးဝင်ဖွယ် ရှိနေသည်။
ယခုနှစ်ဟဂ်ျရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိ ကျရောက်နေမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင် ၃ သန်းကျော် လာရောက်မည်ဟု ခန့်မှန်းထားသည်။
Ref: citylab.com




Leave a Reply
You must be logged in to post a comment.