News @ M-Media

တူရကီ-ဆီးရီးယားနယ်စပ်တွင် IS ရန် ရှင်းပြီ

စက်တင်ဘာ ၅၊ ၂၀၁၆
M-Media

northern syria

– တူရကီ-ဆီးရီးယားနယ်စပ်အတွင်း ကျန်ရှိနေသည့် IS တပ်ဖွဲ့ဝင်များကို တူရကီတပ်ဖွဲ့နှင့် ဆီးရီးယား သူပုန်များက လုံးဝ မောင်းထုတ်နိုင်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က ပြောကြားလိုက်သည်။

ယမန်နေ့က နိုင်ငံအရှေ့တောင်ဘက်ရှိ ဒီယာဘာကီရ်မြို့တွင် ပြောကြားသည့် မိန့်ခွန်း၌ ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားမြောက်ပိုင်း နယ်စပ်မြို့များဖြစ်ကြသည့် အေဇက်နှင့် ဂျာရာဘလွတ်စ်တို့အကြားရှိ ဒေသကို ရှင်းလင်းနိုင်ခဲ့ခြင်းဟု ဆိုသည်။

တူရကီတပ်ဖွဲ့များနှင့် ဆီးရီးယားသူပုန်များ၏ ထိုးစစ်ဆင်မှုမှာ ဆီးရီးယားမြောက်ပိုင်းနှင့် တူရကီအကြားရှိ ဆက်သွယ်မှုများကို ဖြတ်တောက်လိုက်သည်ဟု တူရကီနိုင်ငံပိုင်သတင်းဌာန Anadolu က စောစောပိုင်းတွင် ဖော်ပြခဲ့ပြီး၊ ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရး စောင့်ကြည့်အဖွဲ့ကလည်း IS မှာ ဆီးရီးယားနယ်စပ်မှ ဒေသများအား ဆုံးရှုံးရခြင်းကြောင့် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားသည်ဟု ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply