News @ M-Media

ကန်ဦးဆောင်သည့် အင်အားကြီးနိုင်ငံများအား ယုံကြည်၍မရဟု အီရန် အဓိပတိ ပြော

စက်တင်ဘာ ၁၈၊ ၂၀၁၆
M-Media

chameny

– အမေရိကန်ဦးဆောင်သည့် အင်အားကြီးနိုင်ငံများအပေါ် သံသယ အပြည့်အ၀ထားခြင်းက အီရန်နိုင်ငံ၏ နိုင်ငံရေးပါဝါအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုသံသယကို နေ့စဉ်နှင့်အမျှ တိုးမြှင့်သွားရမည်ဟု အီရန်အဓိပတိ အယာတိုလာ ခါမေနီက ပြောကြားလိုက်သည်။

ယနေ့တွင် အီရန် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ် IRGC မှ တပ်မှူးများ၊ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံစဉ် ခါမေနီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်၏ ရန်လိုမှုများကိုလည်း မိမိတို့ မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

“(၁၉၇၉) အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်ပြီးတဲ့နောက် နှစ်ပေါင်းများစွာအတွင်းမှာရော၊ မကြာခင်က နျူကလီးယား ညှိနှိုင်းဆွေးနွေးရေးကိစ္စနဲ့ အခြားပြဿနာတွေမှာရော အမေရိကန်ရဲ့ ရန်လိုမှုကို ကျွန်တော်တို့ မြင်ခဲ့ရပြီးပါပြီ”

ထို့ပြင် ထိုကဲသို့ သံသယထားခြင်းက မိမိတို့၏ အတွေအခေါ်နှင့် လက်တွေ့ဆောင်ရွက်မှုများတွင် ဓမ္မဓိဌာန်ကျသည့် ရလဒ်များ ထွက်ပေါ်လာခဲ့သည်ဟုလည်း ခါမေနီက ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပတွင် တိုင်းပြည်၏ လုံခြုံရေးကို ကာကွယ်ရန်မှာ အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်၏ အခြေခံတာဝန်များမှ တစ်ခုဖြစ်ကြောင်း၊ ဆောက်လုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လိုအပ်နေသူများအား အကူအညီပေးရေး၊ ယဉ်ကျေးမှု၊ အနုပညာတို့နှင့် ဆက်စပ်နေသည့် ကိစ္စရပ်များတွင်လည်း IRGC က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အဓိပတိက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Press TV

Comments

Leave a Reply