နိုဝင်ဘာ ၂၆၊ ၂၀၁၆
M-Media
– နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်စေရန်အတွက် တောင်တရုတ်ပင်လယ်ရှိ Scarborough Shoal ရေပိုင်နက်အတွင်းသို့ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောများ အပြည့်အ၀ ၀င်ရောက် ငါးဖမ်းခွင့်ပြုရေးအတွက် စဉ်းစားနေသည်ဟု တရုတ် အစိုးရအကြံပေးတစ်ဦးဖြစ်သူ ၀ူရှီချွမ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
အောက်တိုဘာလက ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဘေဂျင်းသို့ လာရောက်လည်ပတ်ပြီးနောက်ပိုင်း ထိုကဲ့သို့ စဉ်းစားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆွေးနွေးမှုများပြုလုပ်နေကာ သဘောတူညီချက် မကြာခင် ရရှိမည်ဟု ၀ူက ထည့်သွင်းပြောဆိုခဲ့သည်။
Scarborough Shoal ရေပိုင်နက်အား ပိုင်ဆိုင်မှုအတွက် ယခင်က တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများ ရှိခဲ့သော်လည်း ဒူတာတေးက တရုတ်ပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ထိုတင်းမာမှုမှာ လျော့ကျသွားခဲ့သည်။ အဆိုပါ ရေပိုင်နက်မှာ ဖိလစ်ပိုင်နှင့်သာ သက်ဆိုင်သည်ဟု မကြာသေးမီက နယ်သာလန်အခြေစိုက် နိုင်ငံတကာ ခုံသမာဓိရုံးက ဆုံးဖြတ်ခဲ့သည်။
၂၀၁၂ ခုနှစ်ကတည်းက တရုတ်သည် ၎င်းရေပိုင်နက်အတွင်း ဖိလစ်ပိုင်နိုင်ငံသားများ ၀င်ရောက်သွားလာခွင့်ကို ပိတ်ဆို့ရန် ကမ်းခြေစောင့်တပ်ဖွဲ့များ ဖြန့်ချထားခဲ့သည်။ သို့သော် ဒူတာတေးလည်ပတ်ချိန်မှစ၍ အဆိုပါရေပိုင်နက်မှ တရုတ်သင်္ဘောများ ထွက်ခွာခဲ့ပြီး ငါးဖမ်းသူများအား ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သည်။
Ref : CNA