နိုဝင်ဘာ ၂၆၊ ၂၀၁၆
M-Media
– ခြစားမှုရှိသည်ဆိုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် သမ္မတ ပတ်ဂျုံဟေး နှုတ်ထွက်ပေးရန်အတွက် ၁.၃ သန်းသော တောင်ကိုရီးယားပြည်သူများမှာ ယနေ့တွင် အေးခဲနေသော အပူချိန်ကို အန်တုကာ အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ဆန္ဒပြမှုကို မြို့တော်ဆိုးလ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သူများမှာ ဖယောင်းတိုင်များကိုင်၍ “ပတ်ဂျုံဟေးကို ဖမ်းပေး” “ပက်ကို ထောင်ချ” စသည့် ကျွေးကြော်သံများကို ဟစ်အော်ကာ သီချင်းသီဆိုမှု၊ ကပြမှုများလည်း ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏ စုရပ်မှ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ကြသည်။
ပတ်ဂျုံဟေးနှင့်ပတ်သက်သည့် မကောင်းသတင်းများ ထွက်လာခဲ့သည့် ပြီးခဲ့သည့် တစ်လအရင်ကတည်းက တောင်ကိုရီးယားပြည်သူများမှာ ဆန္ဒပြမှုများ တောက်လျှောက်ပြုလုပ်လာခဲ့ပြီး ယနေ့ပြုလုပ်သည့် ဆန္ဒပြမှုမှာ အကြီးဆုံးဖြစ်သည်။
ယခုဆန္ဒပြပွဲတွင် မိဘများ၊ ကလေးငယ်များ တက္ကသိုလ်ကျောင်းသားများ၊ ဘုန်းကြီးများ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ကမူ စုစုပေါင်း ၂၆၀၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်လည်း ဆန္ဒပြမှုကို စီစဉ်သူများကမူ ၁.၃ သန်းအထိ ရှိသည်ဟု ဆိုသည်။
Ref: Channelewsasia