News @ M-Media

အမဲလိုက်မှုဖြင့် ထောင်ကျသည့် ဘောလီးဝုဒ်မင်းသား ဆလ်မန်းခန်း အာမခံဖြင့် ပြန်လွတ်

ဧပြီ ၇၊ ၂၀၁၈
M-Media

တရားရင်ဆိုင်နေသည့်အချိန်က တွေ့ရသည့် ဆလ်မန်းခန်း (လယ်)

– သမင်နှင်တူသော ရှားပါးတောဆိတ်တစ်မျိုးကို အမဲလိုက်ခဲ့မှုကြောင့် ကြာသာပတေးနေ့တွင် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသည့် ဘောလီးဝုဒ်နာမည်ကြီးမင်းသား ဆလ်မန်းခန်းမှာ အာမခံဖြင့် ယနေ့တွင် လွတ်မြောက်လာမည်ဟု သိရသည်။

ဆလ်မန်းခန်း၏ ရှေ့နေဖြစ်သူ မာဟီရှ် ဘိုရာက ခရိုင်တရားသူကြီးမှာ တရားစွဲဆိုမှု၊ တရားခံ၏ လျှောက်ထားချက်များကို တစ်နာရီခန့် နားထောင်ပြီးနောက် ရူပီးငါးသောင်း (ကန်ဒေါ်လာ ၇၇၀ ဖြင့်) ဖြင့် အာမခံပေးရန် လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

အသက် ၅၂ နှစ်အရွယ်ရှိ ဆလ်မန်းခန်းမှာ ၁၉၉၈ ခုနှစ်က ရာဂျာစတန်ပြည်နယ်၌ ရုပ်ရှင်ရိုက်ကူးစဉ် သမင်နှင့်တူသည့် ရှားပါး တောဆိတ်နှစ်ကောင်အား အမဲလိုက် သတ်ဖြတ်ခဲ့မှုအတွက် တရားစွဲဆို ထောင်ချခံခဲ့ရခြင်းဖြစ်သည်။

ခန်းမှာ ယခင်ကလည်း အမဲလိုက်မှုများဖြင့် ၃ ကြိမ်တိတိ တရားစွဲဆို ခံခဲ့ရသည်။

အကျဉ်းထောင်တွင် နှစ်ရက်ကြာ နေထိုင်ခဲ့ရပြီးနောက် ဆလ်မန်းခန်းမှာ ယနေ့ညပိုင်းတွင် လွတ်မြောက်လာမည်ဟု ဒေသတွင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

Ref: Aljazeera