News @ M-Media

ဥရောပကို ရုရှားရန်မှ ကာကွယ်ပေးရမှု မထိုက်တန်ဟု ထရမ့် ထုတ်ပြော

ဇူလိုင် ၁၁၊ ၂၀၁၈
M-Media

နေတိုးအတွင်းရေးမှူးနှင့် ထရမ့်တို့ တွေ့ဆုံမှု

– ရုရှားထံကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ၀ယ်ယူထားတာကြောင့် ဂျာမနီဟာ ရုရှားရဲ့ ထောင်ချောက်ထဲ မိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပါတယ်။

ဒီကနေ့မှာ စတင်မယ့် နေတိုးအဖွဲ့ အစည်းအဝေးမတိုင်ခင် အဖွဲ့အတွင်းရေးမှူး ဂျန်စ် တိုလ်တန်ဘာ့ဂ်နဲ့ တွေ့ဆုံစဉ်မှာ ထရမ့်က ဒီလိုပြောကြားလိုက်တာပါ။

ဂျာမနီဟာ ရုရှားဆီကနေ ဒီလို စွမ်းအင်တွေ ၀ယ်နေတဲ့အချိန် ဥရောပကို ရုရှားရန်ကနေ ကာကွယ်ရေးအတွက် အမေရိကန်က အကုန်အကျခံနေရတာ မသင့်လျော်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

“သူတို့က ရုရှားကို ဒေါ်လာ ဘီလီယံချီ ပေးနေပြီး ကျွန်တော်တို့က သူတို့ကို ရုရှားရန်ကနေ ကာကွယ်ပေးနေရတယ်။ ကျွန်တော်သိသလောက်ဆိုရင် သူတို့ရဲ့ စွမ်းအင်အများစုကို ရုရှားဆီကနေ ရနေတာကြောင့် ဂျာမနီဟာ ရုရှားရဲ့ ထောင်ချောက်ထဲ ကျရောက်နေပါတယ်”

ဂျာမနီနဲ့ ရုရှားအကြား သဘာဝဓာတ်ငွေ့ပိုင်လိုင်း သွယ်တန်းမှု ကိစ္စအတွက် နေတိုအဖွဲ့ဝင်တွေအကြေား သဘောထားမတိုက်ဆိုင်မှု ဖြစ်နေတယ်ဆိုတာ စတိုလ်တန်ဘာ့ဂ်က ၀န်ခံခဲ့ပါတယ်။

ရုရှားက ဓာတ်ငွေ့ကို ဘော့လ်တစ်ပင်လယ်ကိုဖြတ်ပြီး သယ်ယူမယ့် ဒုတိယမြောက်ပိုက်လိုင်း တည်ဆောက်ရေးအတွက် ဂျာမနီက စီစဉ်နေပြီး ဒီအတွက် ဥရောပမှာရှိတဲ့ အခြားနိုင်ငံတွေက ကန့်ကွက်ထားပါတယ်။

ဒီစံကိန်းကိုသာ ဆက်လုပ်မယ်ဆိုရင် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ အမေရိကန်ကလည်း သတိပေးထားပါတယ်။

Ref: Aljazeera