News @ M-Media

ဂူတွင်း ပိတ်မိနေသည့် ထိုင်းကလေးများ အကုန်လွတ်မြောက်ပြီ

ဇူလိုင် ၁၀၊ ၂၀၁၈
M-Media

– ထိုင်းနိုင်ငံမြောက်ပိုင်း ထန်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်အဖွဲ့က နောက်ဆုံးအသုတ်ကို ဒီကနေ့မှာ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကလေး ၄ ဦး၊ တနင်္လာနေ့က ကလေး ၄ ဦး ကယ်ထုတ်ပြီးတဲ့နောက်ပိုင်း ဂူထဲမှာ နောက်ထပ် ကလေးငယ် ၄ ဦးနဲ့ နည်းပြတစ်ဦး စုစုပေါင်း ၅ ဦးသာ ကျန်ရှိတော့တာပါ။

ကယ်ဆယ်ရေးကို အဓိကတာဝန်ယူနေတဲ့ ထိုင်း Navy Seal တပ်ဖွဲ့က ကျန်ရှိနေတဲ့ ၅ ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး၊ ၁၃ ယောက်စလုံး ဘေးအန္တရာယ်ကင်းကြောင်း၊ တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ကလေးတွေကို စောင့်ရှောက်ပေးခဲ့တဲ့ ဆရာဝန်သာ ဂူထဲမှာကျန်ရှိတော့ကြောင်း ဒီနေ့ညနေ သူတို့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ ကလေးတွေရဲ့အခြေအနေကို တရားဝင် ထုတ်ပြန်ခြင်း မပြုသေးပါဘူး။

Wild Boars လို့ အမည်ပေးထားတဲ့ ဘောလုံးအသင်းနဲ့ သူတို့ရဲ့ နည်းပြဟာ ဇွန်လ ၂၃ ရက်နေ့မှာ ထန်လွန်ဂူထဲ ဘောလုံဝင်ကန်ရင်း မိုးကြီးကာ ဂူထဲ ရေတွေဝင်လာမှုကြောင့် ပြန်ထွက်မရ ဖြစ်ခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေနဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပူးပေါင်းကာ အပြင်းအထန် ရှာဖွေပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

Ref: CNA