News @ M-Media

ပလုပ်ကျင်းဆေးရည်က ကိုဗစ်ကိုသေစေနိုင်ကြောင်း သုတေသနတစ်ခုတွင် တွေ့ရှိ

နိုဝင်ဘာ ၁၈၊ ၂၀၂၀
M-Media

-ခံတွင်းသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ပလုပ်ကျင်းဆေးရည်ဟာ ကိုရိုနာဗိုဂင်းရပ်စ်ကို ၃၀ စက္ကန့်အတွင်း သေစေနိုင်တယ်ဆိုတာ အင်္ဂလန်နိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်မှာပြုလုပ်တဲ့ သုတသေနတစ်ခုမှာ တွေ့ရပါတယ်။

ကာဒစ်ဖ်တက္ကသိုလ်ရဲ့ ဒီစမ်းသပ်မှုမှာ ဓာတ်ခွဲခန်းအတွင်း ကိုဗစ်ဗိုင်းရပ်စ်ကို ပလုပ်ကျင်းဆေးရည်နဲ့ ထိတွေ့ပေးခဲ့တာဖြစ်ပါတယ်။ တံတွေးမှာရှိနေတဲ့ ကိုဗစ်ပိုးကို ဘယ်လောက်အထိ သေစေနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး လာမယ့်နှစ်အစောပိုင်းကျရင် လူတွေမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။

ပါမောက္ခ ဒေးဗစ်သောမတ်စ်က ဓာတ်ခွဲခန်း ကနဦးရလဒ်တွေဟာ အားရစရာ ကောင်းပေမယ့် လူသားတွေမှာ ဘယ်လောက်အထိ ထိရောက်လဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ပလုပ်ကျင်းဆေးရည်က တံတွေးထဲမှာရှိတဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုးကို သေစနိုင်ပေမယ့်လည်ချောင်းနဲ့ အဆုတ်တွေဆီ မရောက်တာကြောင့် ကိုဗစ်ကုသဆေးတစ်ခုအဖြစ် သုံးနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုး မရှိပါဘူး။

အခုစမ်းသပ်မှုကြောင့် လက်ဆေးတာ၊ ခပ်ခွာခွာနေတာ၊ နှာခေါင်းစည်းတပ်တာတွေလို ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်ချက်တွေမှာ ပလုပ်ကျင်းဆေးရည် ပုံမှန်အသုံးပြုတာလည်း ပါဝင်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။

Ref: BBC