News @ M-Media

အစ္စရေးနှင့် ဟားမက်စ်တို့ ဓားစားခံများကို အပြန်အလှန်လွှတ်ပေး

နို၀င်ဘာ ၂၄၊ ၂၀၂၃

M-Media 


(ဓာတ်ပုံ – ၂၀၁၅ ခုနှစ်ကတည်းက အစ္စရေး၏ ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ပါလက်စတိုင်းအမျိုးသမီး မာရာ ဘာကီရ် (ယာ) နေအိမ်သို့ ပြန်ရောက်လာစဥ်။ ဖမ်းဆီးခံရချိန်တွင် ဘာကီရ်မှာ အသက် ၁၆ နှစ်သာ ရှိသေးသည်)

– ၄ ရက်ကြာ အပစ်ရပ်ရေး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်နဲ့ အစ္စရေးတို့ဟာ ဖမ်းဆီးထားတဲ့ ဓားစားခံတွေကို သောကြာနေ့မှာ အပြန်အလှန် လွှတ်ပေးခဲ့ကြပါတယ်။ 

အစ္စရေးက ပါလက်စတိုင်းဓားစားခံ ၃၉ ဦးကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ၃၃ ဦးဟာ အနောက်ဖက်ကမ်းဒေသကဖြစ်ပြီး ၆ ဦးက ဂျေရုစလင်က ဖြစ်ပါတယ်။

အစ္စရေးက ပြန်လွှတ်ပေးလိုက်တဲ့ ပါလက်စတိုင်းစတိုင်း ဓားစာခံတွေထဲက တစ်ချို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မတရား ဖမ်းဆီးခံထားရတပါ။  

အစ္စရေးက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းပြည်သူ ၅၀၀၀ ကျော်လောက် ရှိနေပြီး အခု ၄ ရက်ကြာ အပစ်ရပ်ရေး သဘောတူညီချက်မှာ အမျိုးသမီးနဲ့ ကလေးအများစုအပါအ၀င် ၁၅၀ ပြန်လွှတ်ပေးဖို့ အစ္စရေးက သဘောတူခဲ့ပါတယ်။  

ဟားမက်စ်ဖက်က အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုမှာ ဖမ်းဆီးသွားတဲ့ ဓားစားခံ ၂၀၀ ကျော်က ၅၀ ကို လွှတ်ပေးမှာဖြစ်ပါတယ်။ 

သောကြာနေ့ညပိုင်းအထိ ဟားမက်စ်ဖက်က ၂၄ ဦး ပြန်လွှတ်ပေးထားပြီး အဲဒီအထဲမှာ ထိုင်းနိုင်ငံသား ၁၀ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး ပါ၀င်ပါတယ်။ 

အစ္စရေးဟာ နှစ်ပေါင်းများစွာ ပါလက်စတိုင်းတွေကို ဓားစားခံအဖြစ် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းက မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေ ရှိပေမယ့် အစ္စရေးက ဂရုမစိုက်ပါဘူး။ 

အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်က အစ္စရေးထဲ ၀င်ရောက်တိုက်ခိုက်ပြီး ဓားစားခံတွေကို ဖမ်းဆီးမှသာ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးဖို့ အစ္စရေးဖက်က စဥ်စားလာတာဖြစ်ပါတယ်။ 

Ref: Aljazeera