News @ M-Media

ဂါဇာဒုက္ခသည်စခန်းမှ ဗလီတစ်လုံးကို အစ္စရေးက ဗုံးကြဲဖျက်ဆီး

ဒီဇင်ဘာ ၇၊ ၂၀၂၃

M-Media 

-ဂါဇာကမ်းမြှောင် မြောက်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းက အလ်-အောင်ဒါဗလီကို အစ္စရေးက ဒီကနေ့မှာ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ 

အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ အလ်အောင်ဒါ ဗလီ၀တ်ကျောင်းတော်မှာ ခိုလှုံနေရတာဖြစ်ပါတယ်။ 

ဗလီ၀တ်ကျောင်းတော်ဟာ လုံး၀ ပြိုကျသွားပြီး ထိခိုက်သေဆုံးမှုတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ 

ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးဟာ ဂါဇာပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်လာတာ ၂ လကျော်ခဲ့ပါပြီ။ 

လူပေါင်း ၁၆၀၀၀ ကျော် အသတ်ခံထားရပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

Ref: Aljazeera

(ဓာတ်ပုံ – အစ္စရေးက ဗုံးကြဲပြီးနောက် တွေ့ရသည့် အလ်အောင်ဒါ ဗလီ၀န်းကျင် မြင်ကွင်း)