News @ M-Media

ဦးရာဇတ်၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီများဖြင့် မွတ်စလင် သရုပ်မှန်ကို သိရှိစေရန် ကြိုးပမ်း

ဇန်နဝါရီ ၁၀ ၊၂၀၁၃
M-Media
နေသစ်ထွန်း

ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီများ ဖြင့် မွတ်စလင် သရုပ်မှန်ကို အများ နားလည်လာစေရန် ကရင်ပြည်နယ်တွင် ကြိုးပမ်း

အစ္စလာမ် ဘာသာအား အခြေအမြစ်မရှိ တိုက်ခိုက်ရေးသားထားသော ၀ါဒဖြန့်စာရွက်များ၊ မွတ်စလင် မုန်းတီး ရေး လှုံဆော်သော ဒီဗွီဒီအခွေများ ဖြင့် မွတ်စလင် ဆန့်ကျင်ရေး ကြိုးပမ်းနေမှုများကို ကရင်ပြည်နယ်ရှိ မွတ်စလင် များက ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီ အခွေများဖြန့်ဝေပြီး  မွတ်စလင် သရုပ်မှန်ကို တန်ပြန် တင်ပြ လျက်ရှိ ကြောင်း သိရသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်နှင့် ဗကသ ၊တကသ ဥက္ကဌ လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ်
အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်နှင့် ဗကသ ၊တကသ ဥက္ကဌ လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ်

ကျွန်တော်တို့ ဒီဘက်ခြမ်းမှာ မွတ်စလင်မကောင်းကြောင်း ၊ အစ္စလာမ် သာသနာ ကို တိုက်ခိုက်တဲ့ အခွေတွေ ၊ စာအုပ်တွေ လိုက်ဖြန့်နေကြတယ်။ အဲဒါတွေကို ဖတ်ပြီး မွတ်စလင်တွေ အပေါ် အထင် မှားအမြင်မှား လာကြ တယ်။ ဒီတော့ ကျွန်တော့် မိတ်ဆွေတွေ ဒီဖြစ်ရပ်တွေကို မှန်မှန်ကန်ကန် သုံးသပ် နိုင် ဖို့ အတွက် နိုင်ငံအကျိုး သယ်ပိုးပေးခဲ့တဲ့ ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနားအခွေတွေ  ပေးဝေဖြစ် ပါတယ်” ဟု ကော့ကရိတ် မြို့ခံ အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြောပါသည်။

ငြိမ်းချမ်းတည်ငြိမ်စပြုနေသော ကရင်ပြည်နယ် တွင် ဘာသာရေး အကြောင်းပြု ပဋိပက္ခများဖြစ်ပွားစေရန် အစ္စလာမ် ဘာသာနှင့် မွတ်စလင်များအပေါ် ဆန့်ကျင်တိုက်ခိုက်မှုများ သည် ၂၀၁၂ ခုနှစ် ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခ နောက်ပိုင်း အများအပြား ပေါ်ထွက်လာခဲ့သည်။

“ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တာတွေကို တဖတ်သတ် ရိုက်ကူးထားတာတွေ ၊ ဘင်္ဂလားဒေ့ရှ်မှာ ဘုန်းတော်ကြီး ကျောင်းတွေ ဖျက်ဆီးခံရတာတွေ ကို ပါတဲ့ အခွေတွေကို ဖြန့်ဝေနေကြပါတယ်။ ကျွန်တော်တို့ကလည်း နီးစပ် ရာလေးတွေကို တစ်ခွေစ ၊နှစ်ခွေစ၊ သဘောနဲ့ မိတ်ဆွေတွေကို ပေးကြည့်တော့ သူတို့တော်တော်လေး သဘော ပေါက်လာကြပါတယ် ”ဟု ကျုံဒိုးမြို့ခံ တစ်ဦး က ပြောပါသည်။

‘ ၇၈၆ ဆိုတာက ၂၁ ရာစုမှ မွတ်စလင်တွေ လွှမ်းမိုးမယ့် အဓိပ္ပာယ်လို့ တလွဲထင်နေကြတယ်။ သူတို့တွေ ထင်နေတာ မဟုတ်မှန်ကြောင်း ၊ ၇၈၆ ရဲ့အဓိပ္ပာယ်အမှန်ကို မွတ်စလင်ရော ၊ မွတ်စလင် မဟုတ်သူပါ သိရှိနားလည်သွားအောင် တင်ပြတဲ့ စာတွေ ဖြန့်ဝေတာလည်း ရှိ ပါတယ်” ဟု ဘားအံမြို့ခံ မွတ်စလင် တစ်ဦးက ပြောပါသည်။

နိုင်ငံအကျိုးပြုခဲ့သော မြန်မာမွတ်စလင် ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသော အခမ်းအနားများသည် မြန်မာမွတ်စလင်များအား အမျိုးသားရေး နိုးကြားစေသည်သာမက မွတ်စလင်များ၏ သရုပ်မှန်ကို အများပြည်သူ သိရှိလာစေ ရေးကို ပါ အထောက်အကူဖြစ်ခဲ့သည်။

ကရင်ပြည်နယ် အခြေစိုက် အစ္စလာမ် သာသနာရေးရာကောင်စီ၊ အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ တို့ကလည်း  အစ္စလာမ် သတင်းစကားအမှန်ကို အများပြည်သူ သိရှိစေရန် ဆောင်ရွက်သင့်ကြောင်း ဘားအံမြို့ခံ မွတ်စလင် များက လိုလားနေကြသည်။

Comments

Leave a Reply